26 C
Yangon

စမ်းချောင်း တရားရုံးအနီးတွင် ဗုံးပေါက်ကွဲပြီး စစ်တပ်က ဗဟိုလမ်းနှင့်ဗားကရာလမ်းကို ပိတ်ဆို့ စစ်ဆေး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် လက်လုပ်ဗုံးတွေ့ရှိပြီး စစ်တပ်က ဖောက်ခွဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တရားရုံးအနီးတွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီး စစ်တပ်က ဗဟိုလမ်းနှင့်ဗားကရာလမ်းကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် ဗားကရာလမ်းနှင့်ဗဟိုလမ်းထောင့်ရှိ စမ်းချောင်းမြို့နယ်တရားရုံးအနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပွားခြင်းဖြစ် ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘဲ ပေါက် ကွဲမှုဖြစ်အပြီး မိနစ် ၂၀ အကြာတွင် ဗဟိုလမ်းနှင့်ဗားကရာလမ်းကို စစ်တပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။

“ည ၈နာရီ ၅မိနစ်လောက်မှာ စမ်းချောင်း ဗားကရာလမ်းနဲ့ ဗဟိုလမ်းမီးပွိုင့်ထောင့်မှာ ဗုံးပေါက်သွားပါတယ်။ ည ၈နာရီ၂၅ မိနစ်မှာ ခု စစ်သားနဲ့ရဲတွေရောက်လာပါတယ်။ လမ်းကိုပိတ်ပြီး စစ်ဆေးနေပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊ ၃၇ ရပ်ကွက်၊ပြည် ထောင်စုလမ်း၊ ECECEL အဲကွန်းဆိုင်ရှေ့တွင် မပေါက်ကွဲသေးသောလက်လုပ်ဗုံးကို အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် တွေ့ရှိသဖြင့် စစ်တပ်က ဗုံးကို ယူဆောင်ပြီး မြို့နယ် ဘောလုံးကွင်းတွင် ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article