ရန်ကုန်၊ အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် တော်လှန်ပြည်သူအများအပြား ပါဝင်ပြီး အောက်တိုဘာလ ၁၀ ရက် ယနေ့ညတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြသည်။
သပိတ်ဦးဆောင်သူများက စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟော
ပြောခဲ့ကြပြီး ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံး
ခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေး
သစ္စာသီချင်းကို သံပြိုင်သီဆိုခြင်း ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်
သံများ ကြွေးကြော်၍ လှည့်လည် ဆန္ဒပြခြင်းများပြုလုပ်ခဲ့ကြသည်။