26 C
Yangon

ထီးလင်းတွင် အနောက်ဘက်ရွာမှ အပြစ်မဲ့ ပြည်သူ လေးဦးကို လက်ပြန် ကြိုးတုပ်ပြီး စစ်တပ်က မီးရှို့သတ်ဖြတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

မကွေးတိုင်း ထီးလင်းတွင် အနောက်ဘက်ရွာမှ အပြစ်မဲ့ ပြည်သူ လေးဦးကို လက်ပြန် ကြိုးတုပ်ပြီး စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်က ပြောသည်။

စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်၍ ထီးလင်းမြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အညာတောကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ကျေးရွာများကို မီးရှို့လုယက်ဖျက်ဆီးခဲ့ကာ ပြည်သူ့ နေအိမ် ၄၂ အိမ်အထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အနောက်ဘက်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကြောင်း ပြန်လည် ထွက်ခွာချိန် မီးရှို့ခံထားရသော နေအိမ်တစ်ခုတွင် လက်ပြန်ကြိုးတုတ် မီးရှို့ခံထားရသည့် ပြည်သူ အလောင်း ၄ လောင်းကို တွေ့ရှိခဲ့ရကြောင်း ယောကောကွယ်ရေးတပ်- YDF ထီးလင်းက သတင်းထုတ်ပြန်သည်။

“ မီးရှို့ခံရတဲ့ရွာတွေကတော့ အညာတောရွာ ၊ ကံသာရွာ၊ ပုဏ္ဏားရွာ၊ ထီးလင်းအနောက်ဘက်ရွာ သရခါရွာ ဆိုပြီး ၅ ရွာ ရှိပါပြီဗျ။ သေဆုံးသူတွေက ဘယ်သူတွေလဲ မသိရသေးဘူးဗျ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ ခန့်အချိန် စစ်တပ် စစ်ကြောင်း ကျေးရွာများအတွင်းမှ ပြန်လည် ဆုတ်သွားသဖြင့် ယောကာကွယ်ရေးတပ်-YDF မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ်လက် ပြန်ကြိုးတုပ်၍ လူနေအိမ်ပေါ်တင်၍ မီးရှို့ခံထားရသည့် အပြစ်မဲ့ပြည်သူ အလောင်း ၄ လောင်းကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အနောက်ဘက်ကျေးရွာမှ အပြစ်မဲ့ ပြည်သူ မောင်ဟိန်းထက် – အသက် ၁၈ နှစ်၊ မောင်အောင်ဖြိုးကို – အသက် ၁၄ နှစ်၊ မောင်ညိုမင်း – အသက် ၁၇ နှစ်၊ မောင်ဇင်မင်း- အသက် ၂၈ နှစ်၊ မောင်ဇင်ထွန်း – အသက် ၃၃ နှစ်၊ ဦးမောင်အေး – အသက် ၅၇ နှစ်တို့ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူများ နေအိမ်တွင် မနေရဲဘဲ တောထဲတွင် ထွက်ပြေးပုန်းရှောင်နေကြရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“လက်ရှိကတော့ အနောက်ဘက်ရွာ၊ သရခါရွာ၊ ပုဏ္ဏားရွာနဲ့ ထီးလင်းမြို့အနီးနားရှိ ကျေးရွာတွေ အားလုံး တောထဲတွေမှာ ရှောင်နေကြရတာပါ။ အညာတောနဲ့ ကံသာကတော့ ထီးလင်းမြို့နဲ့ ဝေးတာမို့ စစ်ဘေးရှောင်နေကြတာမျိုးတော့ မရှိပါဘူးဗျ” ဟု ဒေသခံတစ်ဦးကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article