25 C
Yangon

ဟင်္သာတ ယာဉ်ထိန်းရုံး ဗုံးပေါက်မှု ရဲ ၁ ဦးသေဆုံးပြီး အခြားယာဉ်ထိန်းရဲ ၁ ဦး ဒဏ်ရာပြင်းထန် ၊ သရက်ချောင်းမြို့နယ် ထွေ/အုပ်ရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု လူငယ်တစ်ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့လယ်ခေါင် ယာဉ်ထိန်းရုံးတွင် ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် ဗုံးပေါက်ကွဲပြီး ယာဉ်ထိန်းရဲ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာအပြင်း အထန်ရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ဟင်္သာတမြို့လယ်ခေါင် ယာဉ်ထိန်းရုံး ဗုံးပေါက်တာ ယာဉ်ထိန်း ၁ ဦးသေပါတယ်။ ၁ ဦး ဒဏ်ရာပြင်းထန်ရတယ်။ ဆေးရုံရောက်နေတာ အခြေအနေ မကောင်းဘူးလို့သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက် ၇ နာရီဝန်းကျင်အချိန်တွင် ဗုံးပေါက်ကွဲကြောင်း ဒေသသတင်းရင်းမြစ် Dawei Information Center ထံမှ သိရှိရသည်။

“ရုံးဆင်းနေတဲ့Non-cdmများကိုသတိပေးချင်လို့ဖောက် ခွဲတာ ထင်ပါတယ်။ကွဲတဲ့နေရာက အပြင်ဖက်မှာဆိုတော့လမ်းသွားလာတွေလည်းထိခိုက်မှုမရှိခဲ့၍ဘယ်အဖွဲ့ကနေလုပ်ဆောင်ခဲ့လည်းဆိုတာကိုအတိကျမသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ယင်းပေါက်ကွဲမှုနဲ့ဆက်စပ်မှုရှိသည်ဟုစွပ်စွဲ၍ ကိုအောင်ကိုရှိန်ဆိုသော လူငယ်တစ်ဦး မတရားဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ-ဧရာ၀တီတိုင်းမှ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article