28 C
Yangon

ရန်ကုန်တိုင်း၊ ကော့မှူးနှင့် စစ်ကိုင်းတိုင်း၊ ဘုတလင်တို့တွင် စစ်တပ်က ပြည်သူ ၃ ဦးကို အကြောင်း မဲ့ သတ်ဖြတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်း၊ ကော့မှူးနှင့် စစ်ကိုင်းတိုင်း၊ ဘုတလင်တို့တွင် စစ်တပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်း အောက်တိုဘာလ ၆ ရက်‌နေ့ ညပိုင်း ရေတာရှည်ကျေးရွာမှ စက်ဘီးခိုးလာသည့် စစ်ဘီးသူခိုးတစ်ဦးကို ငှက်အော်စမ်းကျေး ရွာတွင် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ၊ စက်ဘီးသူခိုး၏ မဟုတ်မမှန် ပြောကြားချက်များအတိုင်း စစ်တပ်က ပြည်သူ ၈ ဦးကို PDF အတွက် လက် နက်များ သိမ်းဆည်းထားသည်ဟူသည့် အကြောင်းပြချက်နှင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

စက်သူခိုး၏ မဟုတ်မမှန် ပြောဆိုမှုကြောင့် မတရား ဖမ်းဆီးခံရသည့် ပြည်သူ ၈ ဦးမှာ ကရင်စု၊ ဒညင်းဆိပ်၊ ကျုံဖာ ကျေးရွာတို့မှ ဖြစ်ကြပြီး ဖမ်းဆီးခံရသူများမှာ မောင်ကျော်သက်၊ ဦးကျော်နိုင်၊ မောင်ဝေယံ၊ မောင်ကုလား၊ မပုတု၊ မမော်စန်း၊ မောင်ထွန်းလင်းနှင့် လူရှည် (ခ) ကျော်စွာမြင့်တို့ ဖြစ်ကြကြောင်း၊ လူရှည် (ခ) ကျော်စွာမြင့်မှာ စစ်ကြောရေးတွင် စစ်တပ်၏ ရိုက်နှက်သော ဒဏ်ကြောင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောကြားသည်။

စက်ဘီးသူခိုးက ၎င်းနှင့် မတည့်ဘဲ ရန်ငြိုးရှိသည့် ပြည်သူများကို လက်ထောက် ချ လျှောက်ပြောခြင်း ဖြစ်သော်လည်း စစ်တပ်က ပြည်သူ ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အောက်တိုဘာ ၉ ရက်နေ့တွင် စိတ်ကျန်းမာရေးချို့တဲ့နေသူ ကိုကျော် စွာမြင့်ကို စစ်ကြောရေးတွင် မတရားညှဉ်းပန်းနှိပ်စက်ကြောင်း ၊ အောက် တိုဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း စစ်ကြောရေးတွင် ရရှိသော ဒဏ်ရာများဖြင့် လူရှည်(ခ)ကိုကျော်စွာမြင့် သေဆုံးသွားကြောင်း သိရှိရသည်။

“စက်ဘီးသူခိုးကို စစ်မေးတာကနေ ကျန်တဲ့သူတွေကို ဆွဲသွားတာပေါ့။ သူခိုးက မဆိုင်တဲ့ သူတွေကို ဖမ်းခိုင်းတာ။ သူခိုးက သူခိုးအစစ်ပါ။ အရင်နှစ်တွေကတည်း က ခဏခဏခိုးလို့ အဖမ်းခံရတဲ့သူခိုးပါ။ သူနဲ့မတည့်သူတွေကို PDF ဆိုပြီး လျှောက်ပြောတော့ ပြည်သူ ၈ ယောက်အဖမ်းခံရတယ်။ အောက်တိုဘာ ၈ ရက်‌နေ့က ပြည်သူ ၄ ဦးကို သူခိုးက မင်းတို့ ဖွက်ထားတဲ့ သေနတ်ထုတ်ပေးလိုက် ဆိုပြီး ပြောလိုက်လို့ ဖမ်းသွားတာ။ အောက်တိုဘာ ၉ ရက်နေ့ကျမှ ကျော်စွာ မြင့်ဆိုတဲ့ ကောင်လေး အပါအဝင် ၄ ဦး နံနက် ၄ နာရီလောက် လာခေါ်သွားတာ။ အောက်တိုဘာ ၁၀ ရက်နေ့မှာ ကျော်စွာမြင့် စစ်ကြောရေးမှာ အရိုက်ခံရပြီး ဆုံးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၁ ရက်နေ့တွင် ကိုကျော်စွာမြင့်၏ မိသားစုဝင်များကို ကိုကျော်စွာမြင့် သေဆုံးကြောင်း စစ်တပ်က အကြောင်းကြားကြောင်း၊ မိသားစုဝင် သုံးဦးသာ လိုက်ပါစေပြီး စစ်တပ်က နာရေးသင်္ဂြိုဟ်လိုက်ကြောင်း၊ အောက် တိုဘာ ၁၃ ရက်နေ့တွင်မူ ငှက်အော်စမ်းရွာကို အစည်းအဝေးခေါ်၍ လက်လွန်သေဆုံးခြင်း သတင်းမထွက်စေရန် စစ်တပ်က ခြိမ်းခြောက်ကြောင်း သိရှိရသည်။

စစ်တပ်က ဖမ်းဆီးထားသော ပြည်သူ ၇ ဦး၏ သတင်းမှာလည်း အဆက် အ သွယ် မရ ဖြစ်ပြီး မောင်ကျော်သက်မှာ ဖမ်းဆီးစဉ် ဟော်လိုချောင်းဖြင့် ခေါင်းကို စစ်တပ်က ရိုက်နှက်သဖြင့် ဦးခေါင်းကွဲကာ လဲကျသွားခဲ့ကြောင်း၊ စစ်တပ်က မောင်ကျော်သက်ကို ကားပေါ်ဆွဲတင်၍ တွံ့တေးဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီက အောက်တို ဘာလ ၁၁ ရက်နေ့ စစ်ကြောင်းထိုးစဉ် ဒေသခံ ရွာသား နှစ်ဦးကိုဖမ်းဆီး သတ် ဖြတ်ခဲ့ရာ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အလောင်းပြန်လည်ရရှိကြောင်း သိရှိရသည်။

“ကူတော်စခန်းကနေ လာတဲ့စစ်ကြောင်းပါ။ အသတ်ခံရတာက ကတိုးရွာသားနှစ်ဦးဖြစ်တဲ့ ကိုကျော်မြင့်ဦး အသက် ၃၂ နှစ်နဲ့ ကိုဇော်မင်းခိုင် အသက်၂၆ နှစ်ဖြစ်တယ်” ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။

အသက်ခံရသူ သူနှစ်ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာ၁၁ရက်နေ့က ဖမ်း ဆီးသွားခြင်းဖြစ်ပြီး ကျောင်းရွာအနီး လယ်ကွင်းပြင်ထဲတွင် ပစ်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က သတ်ဖြတ်သွားသည့် ပြည်သူ ၂ ဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၃ ရက်နေ့ ပြန်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article