ရန်ကုန်၊ အောက်တိုဘာ ၁၆
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှ ကျေးရွာများ အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ရာသီ ကူးပြောင်း ကာလမှာ ပြည်သူများ ခံစားနေရသော ဖျားနာခြင်းများ၊ ညောင်းညာခြင်းများ၊ ခေါင်းမူးခေါင်ကိုက်ခြင်းများ၊ သွေးချို/သွေးတိုး၊ ဆီးချို၊ ထိခိုက်ဒဏ်ရာများ၊ တုတ်ကွေးဖြစ်ခြင်းများ နှင့် အခြားသော ဝေဒနါများကို ကုသပေးခဲ့ပါတယ်။ အခက် အခဲတွေ အများကြီးရှိပါတယ်။ ဆေးဝါးစျေးတွေက အရင်ကထက် ၃ဆလောက်မြင့်တက်နေတော့ သိပ်တော့အဆင်မပြေဘူး။ သပိတ်ရံပုံငွေလေးနဲ့ အဆင်ပြေအောင် ချိန်ဆပြီးလုပ်နေရတာပါ။ အလှူရှင်တွေပေါများရင်တော့ ကျနော်တို့အတွက်အဆင်ပြေနိုင်ပါတယ်။ ပြည်သူမှာပြည်သူပဲရှိတာမို့ ဆက်လက်ပြီးကြိုးဟားရုန်းကန်ရမှာပဲဗျ” ဟု ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ကျန်းမာရေးစောင့်ရှောက်မှုများကို ဆားလင်းမြို့နယ်ရှိကျေးရွာများမှာပြုလုပ်ခဲ့ပါတယ်။ ကျေးရွာအလိုက် ၁ ရက်ကို၂ ရွာနှုန်းဖြင့် လိုက်လံပြီး ၃ ရက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Photos – AungKhantZaw