26 C
Yangon

ချောင်းဦး၊ မုံရွာနှင့် မြိုင်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် မထိသာရွာအနီး စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မှန်ချိုရွာတွင် တပ်စွဲထားသော အင်အား ၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ငါးယှန်ကျေးရွာ သို့ ဦးတည်ထွက်ခွာခဲ့ကြောင်း၊ ၈ နာရီ ၃၀ မိနစ်တွင် မှန်ချိုနှင့် ဆင်မြေ ကျေးရွာ အကြား ချဥ်းကပ်လာခဲ့ကြောင်း၊ ၉ နာရီ ၁၅ မိနစ် တွင် ငါးလုံးတင်ရွာသို့ တောလမ်းအတိုင်း ဦးတည်ထွက်ခွာပြီး ၉ နာရီ ၄၀ မိနစ်တွင် မထိသာရွာအနီး၌ Chaung U Middle Wolves Army နှင့် CHUPDF တပ်ခွဲ (၃) ရဲဘော်များက ပထမအကြိမ် ပဒေသာမိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသေဆုံးမှု အတည် မပြုနိုင်သေးကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မထိသာရွာအစပ်မှ စ၍ နေအိမ်များ ကို မီးရှို့ ဖျက်ဆီးပြီး မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ငါးလုံးတင်ဘက်သို့ ထွက်ခွာလာစဥ် Chaung U Middle Wolves Army နှင့် CHUPDF တပ်ခွဲ (၃) ရဲဘော်များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရ အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာများ အတွင်းမှ ထွက်ခွာချိန်၌ Chaung U Middle Wolves Army နှင့် CHUPDF တပ်ခွဲ (၃) ရဲဘော်များက နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ထံမှ ၄၀ မမ ဗုံးသီး ၁၃ လုံး သိမ်းပိုက် ရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF မှ ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ပျူစောထီးများနှင့် ကာကွယ်ရေး တပ်ဖွဲ့များ တပ်စွဲထားသော နေရာကို အောက်တိုဘာလ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် Myaing Warriors တပ်ဖွဲ့၊ Black Cheetah People’s Defence Forceနှင့် Hero New G-Z People’s Defence Force အဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သရက်ကန် ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက လက်လုပ် လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ၊ ၁၀၀ မမ၊ ၁၂၀ မမ များဖြင့် အချက်ရေ ၅၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ တပ်စွဲထားသော စာသင် ကျောင်းထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး ၂ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myaing Warriors တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း မုံရွာ မြို့ပေါ်တွင်လည်း ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကြောင်း သိရသည်။

မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာ တောင်ဘက်အနီးတွင် စစ်သားများ တက်လာသည့် သတင်းရရှိသောကြောင့် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် Golden Eagle Force- Monywa အဖွဲ့မှ မိုင်းထောင် နေစဥ် စစ်သားများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၁ ဦး ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး စစ်ကားပေါ် တင်ဆောင်သွားကြောင်း Golden Eagle Force- Monywa အဖွဲ့မှ ထုတ်ပြန်ထားသည်။

Photo – ချောင်းဦးတွင် အကြမ်းဖက် စစ်တပ်မှ သိမ်းဆည်းရမိသော ၄၀ မမ ဗုံးသီးများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article