20 C
Yangon

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား အောက်တိုဘာလ ၁၆ ရက် ယမန်နေ့ ညတွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကာ သေနတ် ၂ လက်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ညပိုင်းတွင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ဂဠုန်တပ်ဖွဲ့ နတ်မောက် PDF တို့ ပူးပေါင်းပြီး ဒလန်ရှင်းလင်းရန်သွားစဉ် ဖက်တောရေကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“PDF ၂ ဦး ဒဏ်ရာရတယ်၊ တိုက်ပွဲက မိနစ် ၂၀ လောက် ကြာတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖက်တောရေကျေးရွာမှ ပြည်သူများကို ဖမ်းဆီး၊ ရိုက်နှက်စစ်ဆေးနေကြောင်းနှင့် နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးထားကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရမိသော သေနတ် ကို PDF တစ်ဦးက စစ်ဆေးနေစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article