32 C
Yangon

ဖားကန့် KIO အခမ်းအနားကို စစ်တပ်က ဗုံးကျဲပြီးနောက် လမ်းများပိတ်ဆို့ထားသဖြင့် ဒဏ်ရာလူနာ ၈၀ ကျော် ဆေးကုသခွင့်မရဘဲ သေဆုံးမှုတချို့ရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ KIO ၆၂ နှစ်ပြည့် အခမ်းအနား ကျင်းပသည့် နေရာကို ယမန်နေ့ညပိုင်း စစ်တပ်က ဗုံးကျဲပြီးနောက် လမ်းများပိတ်ဆို့ထားသဖြင့် ဒဏ်ရာလူနာ ၈၀ ကျော် ဆေးကုသခွင့်မရဘဲ သေဆုံးသူများရှိကြောင်း ကချင်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထွက်ဂိတ်တွင် စစ်ကောင်စီတပ်မှ လူနာများကို ထွက်ခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း၊ တချို့လူနာများကို ရွာဘက်သို့ ပြန်သယ်ပြီး ရှိသည့်ဆေးဝါးများနှင့်သာ ကုသမှု လုပ်နေရကြောင်း၊ သွေးလွန်သေဆုံးမှု တချို့ရှိကြောင်း သိရှိရသည်။

“လမ်းတွေပိတ်ထားတဲ့အတွက် သွေးလွန်သေတဲ့သူတွေရှိတယ်။‌ ဆေးရုံကြီးကိုလည်း ပို့မရတော့ ပြန်သယ်လာရင်း လမ်းမှာ သေတာတွေလည်းရှိတယ်လို့ ပြန်သိရတယ်။ ဖုန်းရော အင်တာနက်ရော အရမ်းခက်တယ်။ ရသလောက် ဆေးဝါးနဲ့ကုသပေးမယ့်လည်း ရွာမှာကုလို့ရတဲ့ ဒဏ်ရာမျိုးတွေ မဟုတ်ဘူး။ ဒါတွေက သွေးသွင်း ခွဲစိတ်ကုသရ ချုပ်ရမှာတွေများတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်သည် ၈၀ ကျော်ရှိနေပြီး ဒဏ်ရာရသူများတွင်လည်း ပြင်းထန်ဒဏ်ရာရရှိသူ တချို့မှာလည်း အသက်အန္တရာယ်စိုးရိမ်ရသည်ဟု သိရှိရသည်။

ဓာတ်ပုံ- အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်း ဗုံးကျဲမှုကြောင့် တွေ့ရသည့် အပျက်အစီးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article