26 C
Yangon

လွိုင်ကော်တွင် ရဲ ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ ရေတာရှည်တွင်လည်း စစ်တပ် သတင်းပေး ၁ ဦး ပစ်သတ်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပန်ကန်းရပ်ကွက်တွင် ရဲတပ်သား သန့်ဇော်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပန်ကန်းရပ်ကွက် အတွင်း သေဆုံးနေသည့် ရဲတပ်သား သန့်ဇော်ဦး အလောင်းကို လူမှုကူညီရေး အသင်းမှ ကောက်ယူခဲ့ပြီး မည်သည့်အချိန်၌ ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ရဲတပ်သား သန့်ဇော်ဦးသည် လွိုင်ကော်မြို့နယ် ပန်ကန်းရပ်ကွက် မဂ်ကျောင်းလမ်းပေါ်မှာ ဆိုင်ကယ်မောင်းနှင်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို အတည်မပြုနိုင်ကြောင်း ဒေသခံများကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ငဌေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ် အတွင်းရှိ နာရေးအိမ်တွင် ဖဲဝိုင်းမှ ပြန်လာစဥ် စစ်တပ်သတင်းပေးဟု သတ်မှတ် ခံရသူ ငဌေးကို လင်းယုန် YPDF မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ငဌေးသည် တောင်ငူမြို့နယ် ကျွန်ကုန်းရဲစခန်းပိုင် ဝက်ခေါက်စိန်ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ယခုနှစ် ဧပြီလ တောင်ကွဲတောင် တိုက်ပွဲတွင် ငဌေး၏ သတင်းပေး လမ်းပြမူကြောင့် YPDF အဖွဲ့ ဝင် ၅ ဦး ကျဆုံးခဲ့ကြောင်း၊ ယင်းသို့ သတင်းပေးမှု ပြုလုပ်ပြီးနောက် စစ်တပ်နှင့် ပူပေါင်းပြီး ပြည်သူများအား ခြိမ်းခြောက်ခြင်း မတရား ဖမ်းဆီး ခိုင်းခြင်းများ ဆက်လက် လုပ်ဆောင်နေသည့် အတွက် ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း လင်းယုန် YPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article