29 C
Yangon

ဘုရင်ရူး မင်းအောင်လှိုင်က ဘွဲ့နာမည်ပေးမယ့် ဆင်သားအမိ နေပြည်တော်ရောက်၊ ဘွဲ့ပေးမယ့် အခမ်းအနားမတိုင်မီ ဆင်တွေရဲ့ ကျန်းမာရေး ဂရုစိုက်ဖို့ စစ်တပ်က အမိန့်ပေးထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

အကြမ်းဖက် ဘုရင်ရူး မင်းအောင်လှိုင်ရဲ့ ခိုင်းစေချက်အရ ယမန်နေ့ညပိုင်း ရန်ကုန်မှ နေပြည်တော်ဆီသို့ သယ်ယူခဲ့တဲ့ ဆင်သားအမိ နေပြည်တော်ရောက်ရှိလာပြီး အခုလာမယ့် ရက်ပိုင်းအတွင်းမှာ ဘုရင်ရူး မင်းအောင်လှိုင် ကိုယ်တိုင် ဘွဲ့ နာမည်ပေးဖို့ လုပ်နေပြီလို့ သိရပါတယ်။

မနေ့ညပိုင်း ဆင်သားအမိကို အမြန်လမ်းတစ်လျှောက် လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ သယ်ယူခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ဆင်သားအမိကို ဘုရားဖူး လိုက်ပြပြီး ဘွဲ့ပေး အခမ်းအနားမတိုင်မီ ဆင်တွေ ကျန်း မာနေစေဖို့၊ အစားအသောက် ဂရုစိုက်ဖို့ စစ်တပ်ဘက်က ညွှန်ကြားထားလို့ ဆင်ဦးစီးတွေ ၂၄ နာရီ မပြတ် ဆင်တွေနားမှာ နေထိုင် စောင့်ရှောက်နေရတယ်လို့ တပ်သတင်းရင်းမြစ်တချို့ထံက သိရပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ သစ်တောဌာနဆင်ဝိုင်း၊ ဇာနန်းလှ ဆင်မကြီးက ဇူလိုင် ၂၃ ရက်က ဆင်အကောင်ပေါက် တစ်ကောင် မွေးဖွားခဲ့ပြီး အဲဒီဆင်အကောင်ပေါက်ကို ဆင်ဖြူတော်ကို အကြမ်းဖက်စစ်ကောင်စီက သတ်မှတ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဆင်အကောင်ပေါက် အပါအဝင် ဆင် (၄) ကောင်ကို တောင်ကုတ်ဘက်သို့ လုံခြုံရေးတင်းကျပ်စွာနဲ့ ရန်ကုန်သယ် ဆောင်သွားခဲ့ပြီး ဆင်တွေကို ယဉ်ပါးအောင် ဆင်ဦးစီးတွေကို အသေးစိတ် ထပ်မံ လေ့ကျင့်ခိုင်းခဲ့ပါတယ်။

အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ရဲ့ ဆရာ သန်းရွှေလက်ထက်မှာလည်း ဆင်ဖြူတော်တွေ ပေါ်တယ်ဆို‌ပြီး ဆင်အကောင် ၉ ကောင်ကို ဆင်ဖြူတော်လို့ကြေညာပြီး ရန်ကုန်နဲ့ နေပြည်တော်မှာ ချုပ်နှောင် အစာကျွေးထားခဲ့ပါတယ်။

ဓာတ်ပုံ- နေပြည်တော်ရောက် ဆင်သားအမိ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article