30 C
Yangon

မြေပြင်နှင့်ဝေဟင် စစ်ကြောင်းထိုးခြင်းခံနေရသည့် “ပုလဲ”အတွက် ထောက်ပို့နိုင်ရန် ပြည်တွင်း ပြည်ပ အလှူငွေ ၁၀ ရက်ကောက်ခံမှုစတင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေသော အကြမ်းဖက်စစ်တပ်၏ မြေပြင်ကော ဝေဟင်ကနေပါ စစ်ကြောင်းထိုးခြင်းခံနေရသည့်စစ်ကိုင်းတိုင်း ပုလဲနယ်မြေအတွက် ထောက်ပို့ကူညီနိုင်ရန် ပြည်တွင်း ပြည်ပ ပြည်သူများထံမှ အလှူငွေများ လှူဒါန်းနိုင်ကြောင်း ကောက်ခံသူများထံမှသိရသည်။

အကြမ်းဖက်စစ်တပ်က မြေပြင်တွင် စိုးမိုးမှုမရရှိနိုင်အောင် ရန်သူကိုရန်သူလို သတ္တိရှိရှိတွန်းလှန်နေသော တော်လှန်ရေးအဖွဲ့များထဲက ‘ပုလဲပြည်သူ့ကာကွယ်ရေးဌာနချုပ် ပုလဲအခြေစိုက်တပ်ရင်း(၈)’ အတွက် လိုအပ်နေသည့် နှုတ်ခမ်းနီဖိုးများကို ထောက်ပို့ကူညီပေးရန် စီစဉ်ထားကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

လစဉ်ပြုလုပ်နေကြ Short Campaign အတိုင်း အောက်တိုဘာလ(၂၅)ရက်နေ့ မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ (၁၀)ရက်အတွင်း ထောက်ပို့ငွေများကို ကောက်ခံစုစည်းပြီး ရရှိလာသည့်ထောက်ပို့ငွေများအားလုံးကို လိုအပ်သောအရာများဖြည့်ဆည်းနိုင်ရန်အတွက် ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပါဝင်ထောက်ပို့ပေးကြသည့် တစ်ဦးချင်းစီတိုင်းကိုလည်း ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးပို့ပေးသွားမည်ဖြစ်ပြီး ပြည်တွင်းကနေ မြန်မာကျပ်ငွေ အပြင် ပြည်ပကဆိုလျှင် စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ဂျပန်ယန်း၊ အမေရိကန်ဒေါ်လာတို့နဲ့လည်း ငွေလွှဲနိုင်ကာ NUGPay DMMK ဖြင့်လည်း အလွယ်တကူ လွှဲ၍ ရကြောင်း၊ လှူဒါန်းလိုသူများအနေနှင့် https://www.facebook.com/KoPhyoOFP/posts/pfbid0374NGZbgkniFLAZUt9pZ349r3aoigvBVTR2XyEk49ckqSDtahaJPoxgbB8Nj12WZnl သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းတို့ထံမှသိရသည်။

အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပုလဲမြို့နယ် ပကဖရုံးချုပ်ကို ရဟတ်ယာဥ် ၅ စီးနှင့် ဝင်ရောက်စီးနင်းပြီးနောက် PDF များ ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦး၊ ၈ တန်းကျောင်းသား ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များဆီက သိရသည်။
အောက်တိုဘာလ ၂၇ ရက်အထိ ပုလဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ တောက်လျောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ကျော် သေသွားပြီးနောက်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည်ဆုတ်ခွာသွားတာဖြစ်ပြီး စစ်ကောင်စီ တပ်များ ပြန်ဆုတ်ပြီးနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ပုလဲမြို့နယ် ပကဖရုံးချုပ်မှာဖမ်းထားသည့် အကျဉ်းသား ၁၂ ဦးသတ်ဖြတ်ခံရသည့်အပြင် ပြည်သူ ၃ ဦးကိုလည်း သတ်ဖြတ်သွားသည်ကိုတွေ့ရကြောင်း ဒေသခံများဆီမှသိရသည်။

ယင်းအပြင် သဲပြင်ကျယ်ရွာက ပြည်သူပိုင် နေအိမ် ၆ လုံးနှင့်အတူ အမည်မသိရုပ်အလောင်း များကိုလည်း မီးရှို့သွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article