31 C
Yangon

ညောင်လေးပင်တွင် စစ်တပ်က ဒေသခံ ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ လောင်းလုံးတွင်လည်း ပြည်သူ ၂ ဦး အကြောင်းမဲ့ ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာရွာတွင် နေထိုင်သည့် ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ဂျောင်းတာရွာ၌ နေထိုင်သည့် ကိုကျော်သီဟနှင့် ကိုဇေဇေတို့ကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

“စစ်တပ်နဲ့ ရဲ ပူးပေါင်းပြီး ဒီနေ့ ၁၁ နာရီခန့်မှာ NLD ပါတီဝင်တွေလို့ ပြောပြီး လာရောက် ဖမ်းစီးသွား​တာ ကျန်တာ ဘာမှလည်း မပြောဘူး။ ဂျောင်းတာအုပ်စုမှာ ကြံ့ခိုင်ရေး ပါတီဝင် အနည်းငယ်နဲ့ NLD ပါတီဝင်တွေက အရင်တည်းက အဆင်မပြေကျဘူး။ အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အခြေအနေတွေက ပိုဆိုးလာပြီး ကြံ့ခိုင်ရေးတွေက ပြည်သူတွေကိုပါ ပါတီဝင်တွေဆိုပြီး အမြဲရန်ရှာနေတာ ပြီးခဲ့တဲ့လလောက်က ကြံ့ခိုင်ရေးထဲက စစ်တပ်လးခန့် အုပ်ကြီး သတ်ခံရပြီးတဲ့ နောက်ပိုင်း ပိုဆိုးလာပြီး အခု ပြည်သူ ၂ ဦးကိုပါ ပါတီဝင်ဆိုပြီး ဖမ်းသွားတာ ဘာကိစ္စကြောင့် ဖမ်းခံရလည်းဆိုတာကိုတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ကိုကျော်သီဟနှင့် ကိုဇေဇေတို့ကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက လူအင်အား ၂၀ ကျော်ခန့်ဖြင့် အင်အားသုံး ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်တွင်လည်း ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ ၃၀ မိနစ်တွင် လောင်းလုံးမြို့ပေါ်၌ နေထိုင်သော ကိုစိုးစိုးနှင့် မမီးငယ်တို့ကို အကြမ်းဖက် စစ်တပ်က ကား ၅ စီးဖြင့် နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီး သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ်အတွင်း သပိတ် စစ်ကြောင်း အားကောင်းသည့် နေရာများကို ဝင်ရောက် စီးနင်း ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ မည်သည့် အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article