26 C
Yangon

သထုံတွင် ရော်ဘာမြေ ခြံတစ်ကွက်လျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ဒုတပ်ရင်း မှူး ဗိုလ်မှူးရန်လင်းအောင် နှင့် ဗိုလ်ကြီးထက်သူအောင်က ရောင်းစား၊ တစ် ဆင့် ပြန်လည် ရောင်းချမှုများကို ပြည်သူများ သတိပြုရန်လို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ အ.မ.တ (၄၀၂) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရန်လင်းအောင် နှင့် ဗိုလ်ကြီး ထက်သူအောင်တို့က ရော်ဘာမြေ ခြံတစ်ကွက်လျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ခိုင်မာမှုမရှိသော်လည်း ဝယ်ယူသူများပြားကြောင်း ဒေသခံများက ပြောသည်။

အမှတ်(၆၀၆) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ အမြောက် တပ် ၄၀၂ တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးရန်လင်းအောင်၊ ဗိုလ်ကြီးထက်သူအောင်တို့က တပ်ပိုင်မြေများနှင့် ပတ်ဝန်းကျင်မှ မြေလွတ်မြေရိုင်းများကို အကွက် ဖော်ရောင်းစားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်က ဒုတပ်ရင်းမှူးနဲ့ ဗိုလ်ကြီးကလည်း ရာဘာခြံ ပိုင်ရှင်တွေကို ရောင်း စားထားတာ ။ ခြံတစ်ကွက်ကို ၈သိန်း နှုန်းနဲ့ အကွက်ရိုက်ရောင်းစားနေတာ မနည်းတော့ဘူး။ ရောင်းတာကလည်း ဒီအတိုင်း အကွက်ဖော်ရိုက် ရောင်းတာ။ စာချုပ် နဲ့မဟုတ်ဘူး။ ဝယ်တဲ့သူကလည်း ရာဘာခြံ လုပ်တဲ့ပိုင်ရှင်တွေပဲ။ လက် ဝါးချင်းရိုက်ပြီး ရောင်းကြတာ ဝယ် တဲ့သူတွေကလည်း ရော်ဘာခြံက ပိုင် ရှင်တွေဝယ်ကြတာ။ အကွက်ကျတော့တပ်ထဲက အကွက်တွေကိုပဲ ရာဘာခြံတွေ ငှားထားတာ။ အရင်ကလည်း မြေကွက် ကို တပ်ရှေ့က ဟာတွေ ရောင်းထားသေးတယ်။ ဗိုလ်ကြီး ထက်သူအောင်က ခြယ်လှယ်ပြီး လုပ်စားတာပေါ့။ အကွက်တွေကလည်း မနည်းဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်ထံမှ ခြံကွက်ဝယ်သူများတွင် ရော်ဘာခြံလုပ်သူများရှိသကဲသို့ အကွက် ရိုက်ပြန်ရောင်းစားသူများရှိနိုင်သဖြင့် ပြည်သူများအနေဖြင့်လည်း ယင်းကဲ့သို့ အကွက်မျိုးကို မဝယ်ယူမိစေရေး သတိ ထားရန်လိုအပ်ကြောင်း၊ ဥပဒေစိုးမိုးမှု မရှိသောကာလတွင် စစ်တပ်နှင့် ခြံပိုင်ရှင် များပူးပေါင်းပြီး ခြံမြေရောင်းချမှုများ ရှိလာနိုင်သဖြင့် ပြည်သူများ အနေဖြင့် သတိ ထားကြရန် လိုအပ်သည်ဟု ဒေသ ခံတချို့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article