ရန်ကုန်၊ နိုဝင်ဘာ ၁၂
ခင်ဦးမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် ဒေသခံ ပြည်သူများက “စုပေါင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်စို့ “၊ “ဖိနှိပ်ခံတို့လွတ်မြောက်ဖို့ တရားမျှတမှုအတွက် သွေးစည်းစို့” စာတန်းများ ကိုင်ဆောင်ကာ ချီတက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။