25.1 C
Yangon

မြန်မာနိုင်ငံတစ်ဝန်း တစ်နေ့လျှင် အနည်းဆုံး ၁၄ နာရီမှ ၁၉ နာရီအထိ လျှပ်စစ်မီးများ ပြတ်တောက်နေပြီး ၅ နာရီ မီးလာ၊ မီးပျက် အလှည့်ကျမီးပေးစနစ် စတင်ကျင့်သုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံတစ်ဝန်း တစ်နေ့လျှင် အနည်းဆုံး ၁၄ နာရီမှ ၁၉ နာရီအထိ လျှပ် စစ်မီးများ ပြတ်တောက်နေပြီး လျှပ်စစ်မီး ၅ နာရီပေး၊ ၅ နာရီ မီးဖြတ်သည့် စနစ်ကို ကျင့်သုံးရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း လျှပ်စစ်သတင်းရပ်ကွက်ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှစတင်၍ လျှပ်စစ်မီးများ အလှည့်ကျမီးပေးသည့်စနစ်ဖြင့် စတင်ပေးခြင်းဖြစ်ပြီး လျှပ်စစ်မီးများကို ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း ၅ နာရီမီးပေး၊ ၅ နာရီ မီးဖြတ်စနစ်ဖြင့် မီးပေးလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်နှင့်မန္တလေးမြို့များတွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြတ်တောက်မှု အလွန်သိသာနေကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။

“အခုက မီးက ဘယ်လိုတွေ ပြတ်နေမှန်းကိုမသိတော့ဘူး။ ပြတ်ချင်သလိုပြတ်နေတယ်။ ၁ နာရီလောက်လာပြီး ပြတ်ချင်လည်းပြတ်သွားတယ်။ နိုဝင်ဘာလထဲမှာဖြစ်တာ။ ညဘက်တွေလည်း ၁၀ နာရီလောက် ပြတ်ပြီး နောက်နေ့ မနက်မိုးလင်းတဲ့အထိပဲ။ ကိုယ်လည်းမမှတ်နိုင်တော့ဘူး။ ပြတ်ချင်သလိုသာ ပြတ်တော့ ဆိုပြီး လျစ်လျူရှုထားလိုက်တယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ထိန်းသိမ်းပြုပြင်နေသဖြင့် ဓာတ်ငွေ့ဖြင့်လည်ပတ်နေသော စက်ရုံများမှ ထုတ်လွှတ်သည့် လျှပ်စစ်ဓာတ်အား စုစုပေါင်း ၄၃၃ မဂ္ဂါဝပ် ခန့် လျှော့နည်းနေသဖြင့် ဝန်အားလျှော့ချမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ် စစ်ဓာတ် အားပေးရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် EPC ကမူ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ တစ် နေ့လုံး လျှပ်စစ်မီး ၁၅ နာရီဆက်တိုက် ဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး ယနေ့တစ်နေ့လုံးအတွက် ဓာတ်အားပြတ်ချိန် စုစုပေါင်း ၁၉ နာရီ အထိ ရှိမည်ဖြစ်ကြောင်း၊ ဓာတ်အားရချိန် ၅ နာရီ သာရှိမည်ဖြစ်ပြီး ညနေ ၃ နာရီမှ ည ၈ နာရီအထိသာ ဓာတ်အားပေးမည်ဖြစ်ကြောင်း ၊ နေ့စဉ် နံနက် ၀၀ နာရီမှ နံနက် ၅ နာရီအထိလည်းကောင်း၊ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိလည်းကောင်း၊ ည ၈ နာရီမှ နံနက် ၅ နာရီအထိလည်းကောင်း မီးများ ပြတ်တောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ညအချိန်များတွင် နေရာအများစု မှောင်မိုက်နေသော ရန်ကုန်မြို့တော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article