25.9 C
Yangon

မြင်းမူ လင်းယုန်နက် ကာကွယ်ရေး အဖွဲ့၏ “လှူရင်းယူ Drone Project” မဲလက်မှတ်များ ရောင်းချမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မြင်းမူ လင်းယုန်နက် ကာကွယ်ရေး အဖွဲ့၏ “လှူရင်းယူ Drone Project” မဲလက်မှတ်များ ရောင်းချပေးနေကြောင်း လင်းယုန်နက် အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ မဲလက်မှတ်များသည် Black Eagle Defence Force – MMU (လင်းယုန်နက်အဖွဲ့)၏ လိုအပ်လျက်ရှိ တိုက်ခိုက်ရေး ဒရုန်းများ ဝယ်ယူနိုင်ရန်အတွက် ဖြစ်ပြီး မဲလက်မှတ် တစ်စောင်လျှင် ကျပ် ၁၅၀၀၀ သတ်မှတ်ထားပြီး မဲလက်မှတ် ဝယ်ယူမည့် သူများအနေဖြင့် Black Eagle Defence Force – MMU အဖွဲ့၏ facebook page သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

” Drone ဟာကျွန်တော်တို့ တပ်ဖွဲ့ဝင်များရဲ့ ထိခိုက်မှု အနည်းဆုံးနဲ့ ခွေး သေဆုံးမှု အများဆုံးဖြစ်တဲ့ ထိရောက်မှု အရှိဆုံး ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လင်းယုန်နက်အဖွဲ့ကြီး ကိုတော်လှန်ရေးစတင်ပြီးလှူပ်ရှားလာချိန်မှစ၍ ယခုအချိန်ထိကူညီအားဖြည့်ပေးကြပါသော ပြည်တွင်းပြည်ပ လှူရှင်များကို မေတ္တာတုန့်ပြန်သောအားဖြင့် ဤအစီစဥ်လေးကို စီစဉ်ရခြင်းဖြစ်ပါတယ်” ဟု လင်းယုန်နက် အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ Drone Killer များ ရန်မှ ကင်းဝေးရန် ဈေးနည်းသည့် ပစ္စည်းများကို အသုံးပြု၍မရသောကြောင့် တန်ဖိုးများသည့် Drone များ ဝယ်ယူရေး အတွက် ပြည်သူများ၏ ထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article