ရန်ကုန်၊ နိုဝင်ဘာ ၁၇
အကြမ်းဖက်စစ်ကောင်စီက ယနေ့တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကြေညာသဖြင့် ရန်ကုန်၊ အင်းစိန်အကျဉ်း ထောင်တွင် လူရာချီ၍ ယနေ့ညပိုင်းအထိ ထပ်မံ စောင့်ဆိုင်းနေဆဲဖြစ်ပြီး အကျဉ်း ဦးစီးဌာနဝန်ထမ်းများက လာရောက် စောင့်ဆိုင်းနေသူများကို အိမ်ပြန် ကြရန် နှင်ထုတ်နေကြောင်း သိရှိရသည်။
“ကားတွေကတော့ ခုနက ၆ နာရီ မိနစ် ၄၀ လောက်က မီနီဘတ်စ် အဝါ ၂ စီး ထွက်လာတယ်။ ပြစ်မှုတွေချည်းပဲ။ ပုဒ်မ ၅၀၅ မပါဘူး။ အထဲမှာလည်း နောက်ထပ် ထပ်လွှတ်ဦးမယ်လို့တော့ပြောတယ်။ ဒါပေမယ့် အင်းစိန်ထောင် ဝန်ထမ်းတွေက အကုန်ပြန်နှင်လွှတ်နေတယ်။ မရှိတော့ဘူး။ မနက်ဖြန်မှ လွှတ်မယ်ပြောနေတယ်” ဟု အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသ ူတစ်ဦးက ပြောသည်။
“ကားတွေကတော့ ခုနက ၆ နာရီ မိနစ် ၄၀ လောက်က မီနီဘတ်စ် အဝါ ၂ စီး ထွက်လာတယ်။ ပြစ်မှုတွေချည်းပဲ။ ပုဒ်မ ၅၀၅ မပါဘူး။ အထဲမှာလည်း နောက်ထပ် ထပ်လွှတ်ဦးမယ်လို့တော့ပြောတယ်။ ဒါပေမယ့် အင်းစိန် ထောင် ဝန်ထမ်းတွေက အကုန်ပြန်နှင်လွှတ်နေတယ်။ မရှိတော့ဘူး။ မနက်ဖြန်မှ လွှတ်မယ်ပြောနေတယ်” ဟု အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။
ဩစတြေးလျစီးပွားရေးအကြံပေး ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား ဒါရိုက်တာ အပါအဝင် နိုင်ငံခြားသား ၄ ဦးကိုလည်း ပြန်လည်လွှတ်ပေးသည်ဟု စစ်တပ်က ကြေညာခဲ့သည်။
ဓာတ်ပုံ- ယနေ့ ည ၇ နာရီဝန်းကျင်အချိန်အထိ အင်းစိန်ထောင်ရှေ့ မြင်ကွင်း။