28 C
Yangon

ခင်ဦးမြို့နယ်မှ အိမ်ခြေ ၅၀၀ ရှိသော ပေါင်းလဲကုန်းကျေးရွာကို စစ်တပ်က ယခုည မီးတင်ရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ အိမ်ခြေ ၅၀၀ ရှိသော ပေါင်းလဲကုန်းကျေးရွာကို စစ်တပ်က ယနေ့ညပိုင်းတွင် မီးတင်ရှို့နေကြောင်း ခင်ဦးဒေသခံများ၊ ကာကွယ် ရေးတပ်များနှင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင် စီတပ် များ က ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ် ခတ် ဝင်ရောက်ပြီး မီးတင်ရှို့နေခြင်းဖြစ်သည်ဟု သိရှိရသည်။

“ပေါင်းလဲကုန်းရွာကို ၃နေရာ ခွဲရှို့နေတယ်။ ပေါင်းလဲကုန်းကျေးရွာမှာ အိမ်ခြေ ၅၀၀ လောက်ရှိပါတယ်။ အဲဒါကို မီးတင်ရှို့နေတာ။ ပြည်သူတွေကတော့ ထွက် ပြေးနေရပါတယ်။ အခုပဲ ခင်ဦးမြို့ပေါ်မှာလည်း အောင်မင်္ဂလာ ရပ်ကွက် မှာ ရှိတဲ့ လူငယ်၂ ဦး၊ လူလတ်ပိုင်း၂ ဦး၊ အမျိုးသမီး၁ ဦးကို စစ်တပ်က အခုည ပိုင်းမှာ ထပ် ဖမ်း သွားတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြား ရေး အဖွဲ့က ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု ပေါင်းလဲကုန်းကျေးရွာကို မီးရှို့နေသော စစ်ကြောင်းသည် ယမန်နေ့ည ရွှေ ယမင်း ရွာတွင် တပ်စွဲခဲ့သော စစ် ကြောင်း ဖြစ်ကြောင်း၊ တစ်နေကုန် ခင်ဦး မြို့ နယ်အတွင်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီး မှုများ လုပ် ဆောင်ပြီးနောက် ညနေပိုင်းတွင် ပေါင်းလဲကုန်းကျေးရွာထဲ့သို့ ပစ်ခတ် ဝင် ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ည စစ်တပ်က မီးတင်ရှို့နေသော ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်း ကျေးရွာ မီးလောင်နေသည့်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article