22 C
Yangon

မိုင်ဂျာယန်မြို့တွင် ဖားကန့် အနန့်ပါ ဗုံးကြဲခံရမှု တစ်လပြည့် နေ့အဖြစ် ဝမ်းနည်းခြင်း အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကျောင်းသားဘလူငယ်များဘစုပေါင်းကာ “တော်လှန်ရေးကို မမေ့နဲ့” စာတန်း ကိုင်ဆောင်ကာ ဖားကန့် အနန့်ပါ ဗုံးကြဲခံရမှု တစ်လပြည့် နေ့အဖြစ် ဝမ်းနည်းခြင်း အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ် အနန့်ပါ၌ လေယာဉ်ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသော အနုပညာရှင်နှင့် ပြည်သူများအား သတိရအောက်မေ့သည့် တစ်လပြည့်ဆုတောင်းပွဲအဖြစ် အနန့်ပါ လေယာဉ်ဗုံးကြဲခံရမှုဖြစ်စဉ်အား ချည်ထိုးအနုပညာဖြင့် ပုံဖော်ခဲ့ကြကြောင်းရေ မိုင်ဂျာယာန်မှ ကျောင်းသားလူငယ်နှင့် ပြည်သူ ၁၀၀ ခန့်က လှုပ်ရှားမှုသို့ လာရောက်ကြပြီး ဆုတောင်းစကားများ ရေးသားခြင်း၊ မီးထွန်းခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မိုင်ဂျာယန်မြို့နေ လူထုကိုဦးတည်ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကိုလည်း ပြင်းထန်စွာရှုတ်ချသည်ဟု ဆိုသည်။ နိုဝင်ဘာလ ၆ ရက်နေ့ မွန်လွဲ ၁ နာရီခန့်တွင် လွယ်ဂျယ်မြို့နှင့် စိန်လုံကြားရှိ ယော်ရုံစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်ရာ မိုင်ဂျာယန်မြို့ အနီးဝန်းကျင်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article