30 C
Yangon

သပိတ်ကျင်းတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၄ ဦး ဖမ်းဆီးခံရပြီး သေဆုံး၊ စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များ ၅ ရက်အတွင်း ထွက်ခွာရန် PDF တပ်ဖွဲ့များ ထုတ်ပြန်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးနှင့် ပျူစောထီး ၄ ဦးကို ဖမ်းဆီးခဲ့ပြီး သေဆုံးသွားကြောင်း ဗိုလ်လင်းယုန် တပ်ဖွဲ့ထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ် ပုဏ္ဏားလေး‌ရွာ အုပ်ချုပ်ရေးမှူး လင်မယား၊ ပျူစောထီး သင်တန်းဆင်း ဇော်ခိုင်နှင့် စဥ့်ကူးမြို့နယ် ညောင်ပင်သာ‌ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်လင်းယုန် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူးမြို့နယ် အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ စာရေး၊ ပျူစောထီး သင်တန်းဆင်းများသည် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာကြရန်နှင့် သတ်မှတ်ရက် ကျော်လွန်၍ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီးမည်ဖြစ်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပ.က.ဖ) ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article