သာကေတတွင် PDF က ပစ်ခတ်သည့် ရဲ ၃ ဦးစလုံး သေပြီ
ရန်ကုန်၊ မတ် ၁၇
ရန်ကုန်တိုင်း၊ သာကေတတွင် နာမည်ဆိုးဖြင့် ကျော် ကြား သော နယ်ထိန်းရဲ စောလေး ဖော အပါအဝင် ရဲ ၃ ဦးပစ်ခတ်ခံရပြီး ၃ စလုံး ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့ မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်း အရှေ့ မိတ္တူဆိုင်တွင် ရှိနေသော ရဲ ၃ ဦးကို သေနတ်သမား များ ကဝင်ရောက်ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် နယ်ထိန်းရဲ စောလေး ဖောမှာ ပွဲချင်းပြီး သေဆုံးပြီး ဂတ်စာရေးရဲတစ်ဦးမှာလည်း ရင်ဘတ် ကျည်ထိမှန်ထားကာ သေဆုံးခဲ့ကြောင်း၊ အခြားရဲတပ်သားအသစ်မှာလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ရဲတပ်ကြပ် နယ်ထိန်းနဲ့ ဂတ်စာရေးရဲလည်း ပွဲချင်းပြီးပဲ။ နောက်ထပ် ရဲအသစ်ကတော့ သင်တန်းတောင် မတက်ရသေးဘူး သေတယ်။ လက်ရှိအထိ ပစ်ခတ်သူတွေ လွတ်မြောက်ပါတယ်။ ဒီညတော့ သာကေတမှာ ရဲနဲ့စစ်သားတွေ ဧည့်စာရင်း စစ်ဖို့များပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။