27 C
Yangon

ရွှေဘိုတွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ခဲ့သည့် တင့်တယ်ရွာမှ ပြည်သူ ၁၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

Must read

ရွှေဘိုတွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ခဲ့သည့် တင့်တယ်ရွာမှ ပြည်သူ ၁၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာမှ ပြည်သူ ၁၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့​ကြောင်း၊ လက်ရှိချိန်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ပြည်သူ ၁၀၀၀ ကျော်သည် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

” အခက်ခဲကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အိမ်အဖြစ် ပြန်ဆောက်ဖို့ ဝါးဖိုးလည်း လိုတယ်ပြောတယ်။ အဲရွာက ရွာလုံးကျွတ်ကို မီးရှို့ဖျက်ဆီးခံရတာ နေအိမ် ၂၀၀ ကျော်ပြာကျသွားတယ်။ လူဦးရေ ၁၀၀၀ ကျော်ရှိတယ်ဒုက္ခရောက်နေတာ” ဟု တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်ဘေးသင့်ပြည်သူများကို လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် တမာရင်ခွင် လူမှုကူညီရေးအသင်း၏ facebook page သို့ ဆက်သွယ် NUG Pay ဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article