ကလေးမြို့မှ ဖလမ်းမြို့နယ်သို့တက်သည့် စစ်ယာဉ်တန်းကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်သား ၂၁ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီး
ရန်ကုန်၊ မတ် ၂၁
ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်သို့ တက်လာသည့် အကြမ်းဖက် စစ်ယာဉ်တန်းကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၁ ဦးသေဆုံးပြီး စစ်ကားတစ်စီးပျက်စီးခဲ့ကြောင်း CNO ထံမှ သိရသည်။
မတ်လ ၁၂ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ဗားလုံးကျေးရွာအ ကျော်သို့ ရောက်ရှိလာသော အကြမ်းဖက်စစ် ယာဉ်တန်းမှ စစ်သားများသည် CNDF မှ ထောင်ထားသော မိုင်းမိပြီး အ ကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၁၄ ရက်နေ့တွင် ထပ်မံခရီးဆက်လာသော အကြမ်း ဖက်စစ်တပ်အား ဇောင်လေးကျေးရွာအလွန်၌ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးတစ်စစီ လွင့်စင်သွားပြီး ၁၂ ဘီးကားတစ်စီး သုံးမရ အောင်ပျက်စီးသွားသဖြင့် လမ်း၌ ပစ်ထားခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင် ဇောင်လေးကျေးရွာနှင့် ထင်းရှူးစခန်းကြား ၄၅ မိနစ်အကြားဖြတ်တောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအ ပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၁၇ ရက်နေ့ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပါရ်သဲကျေးရွာအနီး၌ ချုံခိုတိုက်ခိုက်ခဲ့ကြပြီး ည ၇ နာရီခန့်တွင်လည်းထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
မတ်လ ၁၈ ရက်နေ့လည် ၁ နာရီ မိနစ် ၄၀ ၊ ညနေ ၃ နာရီနှင့် ညနေ ၄ နာရီခွဲအချိန်တို့တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို ပါရ်သဲကျေးရွာအကျော်၌ အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ကြောင်ဟဲနှင့် စီဇာမွှာလ် ကျေးရွာအကြား၌ ပဒေသာရှေ့ထွက်မိုင်း ၇ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျမသိရကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ အသုံးပြုသော ကျည်ဆံ အတောင့် ၁၇၀ ၊ လက်ပစ်ဗုံး၊ နင်းမိုင်း၊ အီနာဂါ ၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအချို့နေရာများတွင် CNA နှင့် CDF-Hualngoram မှ ပါဝင်ကူညီပေးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံးအထိအခိုက်မရှိခဲ့ ကြောင်း ၊ မိဘပြည်သူများအနေဖြင့် ဖလမ်း-ဟားခါးလမ်းမကြီးကို ယနေ့မှစ၌ဂ၍ ခရီးသွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြရန် CNO က ထုတ်ပြန် အသိပေးထားသည်။