21.1 C
Yangon

အရာတော်တွင် စစ်သားများ ပါဝင်သည့် ၁၂ ဘီးကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်၊ ဆားလင်းကြီးရှိ ကျားတက် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

အရာတော်တွင် စစ်သားများ ပါဝင်သည့် ၁၂ ဘီးကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်၊ ဆားလင်းကြီးရှိ ကျားတက် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီး ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၅၉ မိနစ်ခန့်တွင် မုံရွာ အနောက်မြောက်တိုင်း စစ်ဌာချုပ်မှ အရာတော်မြို့နယ်ရှိ အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ရေးတပ်သို့ စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကား ၅ စီးဖြင့် ထွက်ခွာလာကြောင်း သိရသည်။

စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကား ၅ စီးကို အရာတော်မြို့နယ် တုံးတင် က န်ကျေးရွာနှင့် ကမ်းဖြူကျေးရွာ အကြားတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့ များက ပဒေသာမိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လက်နက် ငယ်များဖြင့် ကိုက် ၅၀ အကွာအဝေးမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကား ၁ စီး ထိခိုက် ပျက်စီးခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

” မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်တာ စစ်ခွေး တွေ ထိခိုက်သေမှုရှိတယ်။ အရေ အတွက် တော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက လက်နက်ကြီး တွေနဲ့ ပြန်ပစ်တာတွေ ပေမယ့် ကျွန်ုပ်တို့ ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF နှင့် လင်းယုန် တပ်ဖွဲ့တို့က ပူး ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျားတက် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၂၃ ရက်နေ့ ည ၇ ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ကျားတက် ရဲစခန်းကို ဆားလင်းကြီး (ပကဖ) မှ ဦးဆောင်ကာ လက်နက်ကြီးများဖြင့် မိနစ် ၃၀ ကြာ‌ ‌သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို National Revolutionary Guards (NRG/Salingyi)၊ Chindwin Dynamiteနှင့် WI AG ထုတ်လုပ်ရေးနှင့်တိုက်ခိုက်ရေးတပ် တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article