စစ်ကိုင်း-ရွှေဘိုလမ်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြောင်မြို့နယ် တိုက်ပွဲတွင် PDF ၅ ဦးကျဆုံး
ရန်ကုန်၊ မတ် ၂၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-ရွှေဘိုကားလမ်းမပေါ် သစ်ကုန်း ကျေး ရွာ အနီး တွင် အကြမ်း ဖက်စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီး ခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းသား တပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ မတ်လ ၂၆ ရက် နံနက် ၅ နာရီ ၄၇ မိနစ်အချိန် ဆားတောင်ရဲစခန်းမှ စစ် ကိုင်း တပ်မ ၃၃ သို့ ပြန်လာ သောအကြမ်းဖက် သံပြားကာ အကြမ်း ဖက် စစ် ကား ၂ စီးကို နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် ဆား တောင်မိုးကြိုးတပ်ဖွဲ့က ပဒေသာ မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားတစ်စီး နောက်ဘီးပွင့်ထွက်သွားပြီး ကွယ်ပုံရွာ ထိပ်အရောက်ထိုးရပ်သွားကြောင်း သိရ သည်။
စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်က လက် နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း၊ ပျက်စီး သွားသော အကြမ်းဖက်စစ်ကားကို လမ်းပေါ်ရှိ ပြည်သူ့ကားများကို အကာ အကွယ်ယူ ကာ ပြင်ဆင်မောင်းနှင်သွားကြောင်း၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ များက လိုက်လံတိုက်ခိုက်ရန် ကြိုးစား ခဲ့သော်လည်း ပြည်သူ့ကားများ ကပ်ပါ လာသည့်အတွက် ရှောင်တိမ်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးတိုက်ပွဲတွင် ရဲဘော် ၅ ဦးကျဆုံးခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)က ယနေ့ သတင်းထုတ်ပြန်သည်။
မတ်လ ၂၄ ရက်နေ့ မြောင်မြို့နယ်အတွင်းလှည့်လည်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီ ဘီလူးစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ မြောင်မြို့ နယ်တော်လှန်ရေးတပ် (MRA) တပ်ဖွဲ့မှ ရဲဘော်ဖေကြီး၊ ရဲဘော် ပွကြီး၊ ရဲဘော် အရှည်ကြီး၊ ရဲဘော် ဘီလူး၊ ရဲဘော်ကျောက်ဆည်တို့သည် တိုင်းပြည်နှင့် ဒီမိုက ရေ စီ တိုက်ပွဲအတွက် မြင့်မြတ်စွာကျ ဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင်မူ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မြောင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးတိုက်ပွဲဖြစ်သဖြင့် PDF အလောင်း ၅ လောင်း၊ M 22 သေနတ် ၅ လက်၊ ကျည်အိမ်၊ ကျည်ဆန်၊ လက် လုပ် သေနတ်၊ လက်လုပ်စိန်ပြောင်း၊ ဘက်ထရီ၊ ဆိုလာပြား၊ ကားတစ်စီး တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းမိခဲ့သည့် စစ်ကားတစ်စီး။ (ပုံအဟောင်း ဖြစ်သည်။)