27 C
Yangon

တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးနှင့် ထောက်ပို့ အဖွဲ့အစည်းများ တွေ့ဆုံပြီး ထောက်ပို့ လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်

Must read

တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးနှင့် ထောက်ပို့ အဖွဲ့အစည်းများ တွေ့ဆုံပြီး ထောက်ပို့ လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်၊ မတ် ၂၆

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် NUG အစိုးရ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးနှင့် ထောက်ပို့ အဖွဲ့အစည်းများ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် တွေ့ဆုံပြီး ထောက်ပို့ လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ကိုရီးယားနိုင်ငံအနှံ့မှ အဖွဲ့အစည်း ၄၀ ကျော်နှင့် အခြား ဖိတ်ကြားထားသူများ အပါအဝင် ကိုယ်စားလှယ် ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းမှတဆင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး “အနာဂတ်နိုင်ငံရေးရည်မှန်းချက်နှင့် ကြားကာလပြင်ဆင်ရေးဆိုင်ရာများ”ကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲမှ စစ်အာဏာရှင်စနစ် အဆုံးသတ်၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေး ရည်မှန်းချက်ကို မမှိတ်မသုန် ဆောင်ရွက်ရန်၊ NUG အစိုးရကို ထောက်ခံ ထောက်ပံ့သွားရန်၊ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအတွက် တော်လှန်ရေးအဖွဲ့အစည်းများ၏ လစဉ်ထောက်ပံ့ငွေစနစ် ထူထောင်ရန်၊ တော်လှန်ရေး ထောက်ပံ့ရန်ပုံငွေဆိုင်ရာ မဟာဗျူဟာတရပ် ရေးဆွဲရန်၊ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်၍ အားလုံးပါဝင်နိုင်မည့် ရန်ပုံငွေရှာဖွေပွဲ ကျင်းပရန်၊ အဖွဲ့အစည်းများ အားလုံးပါဝင်သည့် Network တခု ထူထောင်ရန် စသည်တို့ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article