ကယားတွင် ပြည်သူများ စားဝတ်နေရေးအတွက် သက်ကယ်ပစ်ရင်း ဖြေရှင်းနေရ ၊ အကူအညီများ လိုအပ်နေ
ရန်ကုန်၊ မတ် ၃၁
တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်ပွားနေသည့် ကယားရှိ စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအတွက် သက်ကယ်ပစ်ရင်း ခက်ခက်ခဲခဲ ဖြတ်သန်းနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
စစ်ရှောင်းများ နေထိုင်ရာဒေသတွင် သောက်ရေ သုံးရေမှ အစ ဝယ်သုံးနေရပြီး အကူအညီများ လိုအပ်နေကြောင်းနှင့် သက်ကယ်ပစ်ရာတွင်လည်း တစ်ချက် ၁၂၀၀ ကျပ်မျှသာ ရရှိပြီး ကုန်ကြမ်းကို ၁၀ မိုင်မက ဝေးသည့် နေရာတွင် ခက်ခက်ခဲခဲ ရှာဖွေနေရခြင်းဖြစ်ကြောင်း သိရှိရသည်။