28 C
Yangon

ရေစကြို၊ မအူရဲစခန်းသိမ်းတိုက်ပွဲတွင် ရဲစခန်းမှူးမြင့်ကျော် အပါအဝင် ၁၀ ဦး သေဆုံးပြီး ရဲစခန်းကို မီးရှို့ရှင်းလင်း

Must read

ရေစကြို၊ မအူရဲစခန်းသိမ်းတိုက်ပွဲတွင် ရဲစခန်းမှူးမြင့်ကျော် အပါအဝင် ၁၀ ဦး သေဆုံးပြီး ရဲစခန်းကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဧပြီ ၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ ရာ စခန်းမှူးမြင့်ကျော် အပါအဝင် ၁၀ ဦးသေဆုံးပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့ ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၃ ရက် နံနက် ၆ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထား သော မအူရဲစခန်းကို ၄ မြို့နယ်အတွင်းရှိ ပြည်သူ့ ကာ ကွယ် ရေး တပ်ဖွဲ့များပူးပေါင်းကာ စတင် ဝင် ရောက်တိုက်ခိုက် ကာသိမ်း ပိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ အ ကြမ်းဖက်စစ်သား၊ ရဲ၁၀ ဦးခန့်သေဆုံးသည့်အပြင် ထွက် ပြေးသွားသူများလည်းရှိကြောင်း၊ ဒရုန်းပစ်ချသည့် လက်နက်တစ်ခု၊ G3 တစ်လက်၊ ဗုံးသီးနှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အဲဒီစခန်းက အရင်တစ်ခါကလည်း ရေစကြိုအဖွဲ့တွေ တစ်ခါသိမ်းထားဖူး တယ်၊ မီးရှို့နေတုန်း မြေပြင် ကစစ်ကူတွေရော၊ ရဟတ်ယာဉ် ၂ စီးနဲ့ရောလာ ပစ်နေတာရယ်၊ ကျည်ကုန်တာရယ်ကြောင့် ပြန်ဆုတ် လာခဲ့တာ၊ ရဲစခန်း မိန်းဆောင် ကြီးတော့ မီးမရှို့ခဲ့နိုင်ဘူး၊ ဘေးကအဆောင်တွေတော့အကုန်ရှို့ နိုင်ခဲ့တယ်၊ အရှင်ဖမ်းမိတဲ့သူတော့ မရှိခဲ့ဘူး၊ ရဟတ်ယာဉ်ကပစ်တာဆိုရင် အတော့် ကိုများတယ်၊ ဘေးကတောတန်း နေရာတွေ၊ သူတို့ထင်တဲ့နေရာ တွေကို အကုန်ပတ်ပစ်သွားတာ။” ဟု မြိုင်ပကဖမှ Cross က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

စခန်းသိမ်းတိုက်ခိုက်ခံရမှုကြောင့် ရေစကြိုမြို့နယ်၊ ဇီးတော(ပျူ)ရွာရှိ အကြမ်း ဖက်စစ်သား၊ ပျူစောထီး များသည် စစ်ကူထွက်လာခဲ့ကြောင်း၊ ယင်းစစ်ကူ စစ် ကြောင်းကို လမ်းတွင် ဖြတ်တောက်ကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရေစကြိုမြို့ပေါ်မှလည်း အကြမ်းဖက်စစ်သားအင်အား ၁၀၀ ကျော် ခန့် ဖြင့် စစ်ကူ ထွက်လာခဲ့ပြီးယင်းစစ်ကြောင်းကိုလည်း မိုင်းဆွဲတိုက် ခိုက်ခဲ့ ကြောင်း၊ မိုင်းဆွဲမှု ၂ ခုလုံးတွင် လည်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှု ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ)၊ ရေစကြိုမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ရေစကြို ပကဖ) ၊ Salingyi Special Task Force-SSTF၊ မြန်မာ့တော်ဝင်နဂါးတပ် တပ် တော်(MRDA) တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျည် ရှပ် ထိ ဒဏ်ရာမစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နှစ် မအူရဲကင်းစခန်းကို ဝင်ရောက် သိမ်းဆည်းခဲ့စဉ်။ (ပုံ အဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article