28 C
Yangon

မိုးကောင်းတွင် CDM ထွေအုပ်ဝန်ထမ်း မနေခြည်အောင်ကို စစ်တပ်က ဖမ်းဆီး

Must read

မိုးကောင်းတွင် CDM ထွေအုပ်ဝန်ထမ်း မနေခြည်အောင်ကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၈

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ CDM ဝန်ထမ်း မနေခြည်အောင်ကို စစ်တပ်က မတရား ဖမ်းဆီးသွားကြောင်း မိဘဆွေမျိုးများနှင့် ရင်းနှီးသူများက ပြောသည်။

ဧပြီလ ၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ CDM ထွေအုပ်ဝန်ထမ်း မနေခြည်အောင်ကို မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်နေအိမ်တွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် အကြမ်းဖက် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

” မနေခြည်အောင်က မတရားတာတွေ့ရင် ခေါင်းငုံ့ မခံတတ်တာ။ သူ့ကို စစ်တပ်က လာဖမ်းသွားတာက မနေ့ညပိုင်း သူနေထိုင်ရာ နန့်ရင်းရပ် ကွက်မှာ ဖြစ်ပါတယ်။ ရပ်ကွက်မှာ စစ်ကောင် စီ ခန့် အုပ်ချုပ်ရေးမှု လင်မယားရဲ့ လက်ထောက်ချခြင်းကြောင့် အဖမ်းခံသွားရတာပါ ။ တစ် လျှောက်လုံး အေးအေးဆေး ဆေး နေရာကနေ အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှ နေအိမ်မှာ လာဖမ်းသွားခဲ့တာပါ။ အသက်အန္တရာယ်လည်း စိုးရိမ်မိပါတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ရပ်ကွက်နှင့်ကျေးရွာများတွင် NLD အမတ်လောင်းများ၊ NLD ပါတီ မြို့နယ်ခေါင်းဆောင်များ၊ PDF များ မရှိစေရေးအတွက်ဟုဆိုကာ စီမံချက်ချ၍ ဖမ်းဆိး အရေးယူမှုများ တောက်လျှောက်သလို လုပ်ဆောင်နေကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article