24 C
Yangon

ဒီပဲယင်းမြို့မှ ထွက်လာသော စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားနိုင်

Must read

ဒီပဲယင်းမြို့မှ ထွက်လာသော စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားနိုင်

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှ ထွက်ခွာလာသော စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ ရာ စစ်သားအများအပြားသေဆုံးခဲ့ကြောင်း Freedom Revolution Force – FRF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၈ ရက်နံနက်ပိုင်း ဒီပဲယင်းမြို့မှ အင်အား ၉၀ ကျော်ဖြင့် ရေဦး မြို့ဘက် သို့ ပေလမ်းအတိုင်း ထွက်ခွာလာသော အကြမ်းဖက်စ စ်သားများကို ရေဦးမြို့နယ် မစိုးရိမ်ရွာဘက်သို့ အရောက် ပြောက်ကျား စနစ်ဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြား ထိခိုက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

“၅ ကောင်က အရင်ဆုံးကင်းပုန်းထွက်လာတာကို သေနတ်နဲ့အရင်ဝပ်ပစ်ခဲ့တာ၊ ပြီးမှ မိုင်းဆွဲခဲ့တာ၊ မိုင်း ဆွဲခဲ့တာကတော့ နေ့လည် ၁၁ နာရီလောက်က ၃ ကြိမ် ဆွဲခဲ့တယ်၊ အဝေးကနေပဲ မိုင်းဆွဲဆုတ်ခဲ့ရတာဆို တော့ထိခိုက်သေဆုံးမှု က မသိရသေးဘူး၊ တစ်ချို့တဝက်တွေတော့ ရေဦးမြို့ထဲဝင်သွားပြီ၊ တချို့တ ဝက် တွေတော့ လမ်းမှာရှိသေးတယ်၊ တခြားအဖွဲ့တွေကလည်း မိုင်းဆွဲတာ၊တိုက် ခိုက် တာရှိသေးတယ်” ဟု Freedom Revolution Force – FRF တပ်ဖွဲ့ မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article