30 C
Yangon

ညောင်ခါးရှည်နယ်မြ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး၊ ရေဖြူတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ညောင်ခါးရှည်နယ်မြ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး၊ ရေဖြူတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

ပဲခူးတိုင်း၊ ဝေါမြိုနယ်၊ ညောင်ခါးရှည်နယ်မြေ ရဲစခန်းကို PDF များက ဝင် ရောက် တိုက် ခိုက် ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့က ပြောသည်။

ယမန်နေ့ည ၇ နာရီအချိန် ဝေါမြိုနယ်၊ ညောင်ခါးရှည်ရဲစခန်းကို PDF များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ၂၇ ရက်နေ့ ည ၇ နာရီခန့်အချိန် ညောင်ခါးရှည်နယ်မြေရဲ စ ခန်း မှ ရဲတပ်ဖွဲ့ဝင်များ တန်း စီ နေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းသမား တစ်ဦး နေရာတွင် ပွဲချင်းပြီး သေ ဆုံး သွားကြောင်း၊ သေဆုံးသွား သော အလောင်းကို ညောင်ခါးရှည် ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်း၏အမည်၊ ရာထူးအဆင့်ကို ဆက်လက် အတည် ပြု လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ချိန် ရဲစခန်းကင်းစင်ပေါ်နှင့် ကတုတ်ကျင်း များ အတွင်းရှိ ရဲများက ပြန်လည်ပစ် ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ဘုရားကြီး အမြှောက်တပ်မှ အင်အားအလုံး အရင်းဖြင့် စစ်ကူထွက်လာသဖြင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် များအထိ အခိုက်မရှိပြန် လည် ဆုတ်ခွာလာခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဝေါမြိုနယ်(ပကဖ)နှင့် ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁ ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ကံပေါက်က စစ် ကောင်စီ သတင်းပေး ပျူစော ထီး အဖွဲ့ဝင်တစ်ဦးကို ဖားချောင်းကျေးရွာ အုပ်စု၊ ဆယ်အိမ်စုရွာတွင် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ (ဧပြီလ ၂၇ ရက်) ည ၉ နာရီခန့်အချိန်ခန့်က ကပေါက်ဒေသ၊ ဗိုလ် ချုပ် ရပ်ကွက်တွင် နေထိုင် သူ အသက် ၅၀ အရွယ် ဦးမျိုးဆိုသူသည် အကြမ်း ဖက်စစ်ကောင်စီတပ်မှ ထွက်ထားကာ ပျူစောထီးအ ဖြစ်လုပ်ကိုင် နေပြီး ‘ငါက စစ်တပ်နဲ့ပိုင်တယ်ကွ’ ဟု အမြဲဂုဏ်ယူစွာပြောဆိုလေ့ ရှိသူဖြစ် သည်ဟု ဆို သည်။

“သူက စစ်တပ်နဲ့ပိုင်တယ်ဆိုပြီး အမြဲဂုဏ်ယူစွာနဲ့ ပြောလေ့ရှိတယ်။သူရဲ့ ခြံထဲမှာပဲ သေနတ်ကျည် ၆ ချက် ပစ်သတ်ခံရပြီးသေဆုံးသွားတာပါ။သူက ကံပေါက်မှာ ဆိုရင် စစ်ကောင်စီသတင်းပေး အကြီးစား ပေါ့။ သူဟာ စစ်ကောင်စီတပ် တွေကို သတင်းပေးတာတွေ လုပ်တယ်။ ရွာမှာက သူက စစ်တပ် နဲ့ပိုင် တယ်ဆိုပြီး သူလုပ်ချင်သလိုလုပ်တယ်။ သူ့မှာပျူစောထီး တပည့်တွေလည်းအများကြီးရှိတယ်။ သူ့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေက လည်း သတင်းပေးဆက်မလုပ်ဖို့အကြိမ်ကြိမ် သတိပေးထား တယ်။ သူ့က လိုက်နာမှုမရှိပဲ ဆက်လက်လုပ်ကိုင်နေသောကြောင့် အခုလို ပစ်သတ်ခံရတာနေမှာ”ဟု ကံပေါက် ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသော အလောင်းကို ယနေ့(ဧပြီလ ၂၈ ရက်) နံနက် ၁၀ နာရီခန့်ကသုံးဘီးဖြင့် ၎င်း၏ ခြံအတွင်းမှ နေအိမ်သို့ သယ်ယူသွားကြောင်း၊ ၎င်းကို မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ရှင်းလင်း သည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဓာတ်ပုံ- ယမန်နှစ် စက်တင်ဘာလ ၉ ရက်နေ့ ပဲခူးတိုင်းရဲရုံးမှ ရဲတပ်သား ဘုန်း ပြည့် မောင် အရက်မူးပြီး သေနတ်ဖြင့် ကိုယ့်ကိုကိုယ် ပစ်ခတ်သေဆုံး ပြီး နောက် သဂြိုလ်စဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article