25.9 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

မူဆယ်မြို့ ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၁ ဦးသေဆုံး၊ မြို့လယ်ခေါင်တွင် စစ်တပ်ဘက်တော်သား ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရ

ရန်ကုန်၊ ဩဂုတ် ၂ ရှမ်းပြည်နယ်၊ မူဆယ်မြို့မရဲစခန်းအနီးတွင် ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီအချိန် ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်ပွားကာ ပြည်သူ့စစ် ၁ ဦးသေဆုံးကြောင်း မူဆယ်မြို့ခံများထံမှ သိရှိရသည်။ ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီကျော်အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့ရဲစခန်းအနီးတွင်...

မြိုင်မြို့နယ်တွင် NUG အစိုးရ လက်အောက်ခံ ပြည်သူ့အခြေပြုကျောင်း ဆရာအတတ်ပညာမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၂ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့အခြေပြုကျောင်းများတွင် သင်ကြားမည့် ဆရာ၊ ဆရာများအတွက် ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ ဩဂုတ်လ ၂ ရက်၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားကာလပညာသင်ကြားရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နယ်မြေများတွင် ပြည်သူ့အခြေပြုကျောင်းများ...

ကျောမြို့ရှိ ပုထိုးလုံ ဓါတ်အားပေးစက်ရုံမှ ဝန်ထမ်း ၂၃ ဦးကို YDF က ခံဝန်ကတိဖြင့် ပြန်လွှတ်ပေး၊ ကျောက်ကပ်ရောဂါဖြစ်နေသော အင်ဂျင်နီယာမှူး ဦးမင်းအောင်ကို ဆေးကုသပေးပြီး လိုအပ်သည်များ စစ်ဆေးနေ

ရန်ကုန်၊ ဩဂုတ် ၂ မကွေးတိုင်း၊ ကျောမြို့ရှိ စစ်တပ်လက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ဇူလိုင်လ ၂၈ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး Non CDM ဝန်ထမ်း ၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး...
00:06:34

Khit Thit သတင်းဌာန၏  ဩဂုတ် ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့  ဩဂုတ် ၂ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သည့် သတင်းတွေကတော့ -ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ရှေ့ က (အမျိုးသမီး) ဗိုလ်သင်တန်းကျောင်းမှာ ဩဂုတ်လ ၁ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲပြီး လူနာတင်ကားတွေ ဝင်ရောက်သွားတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ -...

NUG ကို အမျိုးသားညီညွတ်ရေးအစိုးရဟု အမေရိကန်က တရားဝင် စတင်သုံးစွဲ၊ အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ် အရေးယူမှုများ ဆက်လုပ်မည်ဟု အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြောဆို

ရန်ကုန်၊ ဩဂုတ် ၂ အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများ ဆက်လုပ်မည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က အမျိုးသားညီညွတ်ရေးအစိုးရNUG မှ ဒုတိယနိုင်ငံခြားရေး ဦးမိုးဇော်ဦးနှင့်တွေ့ဆုံစဉ် ပြောဆိုကြောင်း ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ "အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။...

မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှ လက်နက်ကိုင်ခွင့်ရ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံရ၊ မိုင်းပေါက်ကွဲသံများထွက်ပေါ်နေပြီး စစ်အင်အားတိုးချ

ရန်ကုန်၊ ဩဂုတ် ၂ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲ၂ ပေါင်းကူဉာဏ ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းနိုင်ထွန်းနှင့်ဟေမာထွန်းတို့ လင်မယား ၂ ဦး ယနေ့ နံနက် ၉ နာရီအချိန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း‌ ဒေသခံများက ပြောဆိုသည်။ "ပုလဲမြို့သစ်က အုပ်ကြီးဝင်နိုင်ထွန်းလင်မယားကားအောက်ထဲ ဗုံးအပစ်ခံရပြီး သေနတ်နဲ့ပစ်သတ်ခံရတာ...

စစ်အာဏာရှင် ဆန့်ကျင်ရေး ကနီမြို့နယ်တွင် ညသပိတ်ပြုလုပ် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဆန့်ကျင်ရေး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ကျေးရွာ ၁ ရွာတွင် ဩဂုတ်လ ၁ ရက် ညပိုင်းက ညသပိတ်ပြုလုပ် ဆန္ဒပြကြသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်တစ်ခု ဖြစ်သည့် 'ပြည်သူနှင့်အတူ' အဆိုအမိန့်ကို ဖယောင်းတိုင် မီးဖြင့်ပုံဖော်၍...

မှော်ဘီလေတပ်ရှေ့ရှိ ဗိုလ်သင်တန်းကျောင်း(အမျိုးသမီး) တွင် ဗုံးပေါက်ကွဲပြီး လူနာ တင်ကားများ ဝင်ရောက်သွား၊ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ညအချိန်လေ့ကျင့်ရေးလုပ်ဟု စစ်တပ်က သတင်းလွှင့်

ရန်ကုန်၊ ဩဂုတ် ၂ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ရှေ့ ဗိုလ်သင်တန်း ကျောင်း (အမျိုးသမီး)တွင် ဩဂုတ်လ ၁ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲပြီး လူနာတင်ကားများ ဝင်ရောက်သွားသဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဩဂုတ်လ ၁ ရက်နေ့ည ၇ နာရီအချိန်တွင် မှော်ဘီ ဗိုလ်သင်တန်း...

ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦးထိခိုက်၊ ခင်ဦးတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ၍ အသက် ၈၆ နှစ်အဘွားအို သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို အကြမ်းဖက် စစ်တပ် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်တွင် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ပြီး ၁၃ နှစ်အရွယ်...

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးနင်းလေ့ရှိသော MAI Airbus လေယာဉ် မနက်ဖြန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာပြီး ဩဂုတ်လ ၅ ရက်နေ့ ပြန်လည်ရောက်ရှိမည်၊ IL 96 ရုရှားလေယာဉ်ဖြင့် ရုရှားကိုယ်စားလှယ်အဖွဲ့ ဩဂုတ်လ ၃ ရက်နေ့ နေပြည်တော် လာရောက်မည်

ရန်ကုန်၊ ဩဂုတ် ၁ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်စီးနင်းလေ့ရှိသော အထူးလေ ယာဉ် MAI Airbus A319 သည် နေပြည်တော်မှ နံနက် ၈ နာရီအချိန် မော်စကိုမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ဩဂုတ်လ ၅ ရက်နေ့တွင် နေပြည်တော်သို့ ပြန် လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းခရီးစဉ်ကို...

Latest news

- Advertisement -spot_img