26.2 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

အကြမ်းဖက် စစ်ကောင်စီဘက်တွင် ပေါ်ပေါ်ထင်ထင် ရပ်တည်လာသော တရုတ်ကို ဘယ်လိုတုန့်ပြန်ကြမလဲ

By လမ်းသစ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ တွေ့ဆုံပွဲအပြီး ထွက်ပေါ်လာသော သတင်းအချက်အလက်များကို ကြည့်လျှင် တရုတ်သည် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဘက်မှ မားမားမတ်မတ် ရပ်တည်လိုက်ပြီ ဆိုသည်မှာ ထင်ရှားလှသည်။ တနည်းအားဖြင့်
 တရုတ်နိုင်ငံသည် ၎င်းနိုင်မည် ထင်သော မြင်းကို လောင်းကြေးတင်လိုက်ခြင်းဟု ယူဆရတော့မည်...

ရန်ကုန်ရှိ ဈေးများတွင် “သွေးစွန်းသင်္ကြန် တော်လှန်ရင်း ဆင်နွှဲ ” စာသားပါ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်၊ ဧပြီ ၇ ရန်ကုန်ရှိ လူစည်ကားရာ ဈေးများတွင် လူငယ်များသမဂ္ဂမှ ဦးဆောင်ကာ Revolution Force (RF) , Labour Alliance အဖွဲ့၀င် CTUM , LGBT Union Mandalay , ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများ သမဂ္ဂ , ပညာနန်းတော်...

လူဖြစ်မလာသင့်သည့် စစ်အာဏာရှင်မင်းအောင်လှိုင်နှင့်အပေါင်းအပါများ ဆန့်ကျင်ရေး ကွန်ဒုံးသပိတ်

ရန်ကုန်၊ ဧပြီ ၇ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် KSCMသပိတ်ကော်မတီမှ တက်ကြွလှုပ်ရှားသူလူငယ်များက နန်းကွေ့ချောင်းတွင် ဖက်ဆစ်အကြမ်းဖက် မင်းအောင်လှိုင်နှင့် သူ၏နောက်လိုက် ခက်ထိန်နန်နှင့်မိသားစု လူဖြစ်မလာသင့်ကြောင်း ကွန်ဒုံးတွင် ပုံများထည့်၍ အပြီးတိုင်ချေမှုန်းရေး ကွန်ဒုံးသပိတ် စစ်အာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှု ယနေ့...

ကလေးမြို့တွ၍် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ချီတက်ပြီး တာဟန်း ဒုတိယခံတပ်ဖြိုခွင်းခံရခြင်း တနှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

ရန်ကုန်၊ ဧပြီ ၇ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ၄၂၄ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ယနေ့ ဧပြီလ ၇ ရက် နံနက်တွင် ချီတက်ဆန္ဒပြပြီး တာဟန်း ဒုတိယခံတပ်ဖြိုခွင်းခံရခြင်း တနှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နှင့် ကျဆုံး အာဇာနည် ၈ ဦးကို ပန်းခွေချအလေးပြုကြသည်။

ယင်းမာပင်တွင် စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်း ချီတက်ပြီး အာဇာနည် ၁၀ ဦးကို ပန်းခွေချ အလေးပြု

ရန်ကုန်၊ ဧပြီ ၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျေးရွာ ၁ ရွာတွင် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ၃၄၆ ရက်မြောက် ကျေးရွာသပိတ်စစ်ကြောင်း အင်အားပြည့်ဖြင့် ယနေ့ ဧပြီလ ၇ ရက် နံနက်ပိုင်း ချီတက်ခဲ့ပြီး နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော ဒေသတွင်း...

တီးတိန်တွင် စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး ကြည်မင်းထွန်း(ပေါကြည်မ) ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းကောက်မည့်သူမရှိ

ရန်ကုန်၊ ဧပြီ ၇ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး ကြည်မင်းထွန်း( ပေါကြည်မ) ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ဧပြီလ ၆ ရက်နေ့ ည ၆ နာရီကျော်အချိန် တီးတိန်မြို့လယ်စျေးတွင် ပစ်သတ်ခံရဖြစ်ပြီး အသက် ၃၂...

Khit Thit သတင်းဌာန၏ ဧပြီ ၇ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့- ကယားပြည်နယ် လွိုင်ကော်မြို့ ပဒါးညေးကျေးရွာမှာ ဧပြီလ ၆ ရက်နေ့ ညနေ ၃နာရီအချိန်လောက်က အကြမ်းဖက် စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရာက်ပြီး ဒေသခံနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့တယ်လို့...

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၆ မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်နှင့်BGF ဘက်မှ ၂၄ ဦးသေဆုံး၊ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး အရပ်သားပြည်သူတစ်ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၆ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်နှင့်BGF ဘက်မှ ၂၄ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။ဧပြီလ ၄ ရက်၊ မွန်းလွဲ ၃ နာရီမှ...

မင်းကင်း၊ ငဖဲနှင့် ကချင်တို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၆ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့၊ KIA တပ်မဟာ ၃ နယ် မြေတို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်းများ တိုက် ခိုက်ခံရပြီး စစ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး...

Latest news

- Advertisement -spot_img