25 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

ကရင်ပြည်နယ် ကော့ကရိတ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်စတင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁ဝနာရီက စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အသံတိတ်သပိတ်မစတင်မီ ထားဝယ်မြို့မြင်ကွင်း

တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၁ အသံတိတ်သပိတ်မစမီ ထားဝယ်မြို့နေရာတစ်ချို့ကို နံနက် ၉ နာရီခွဲဝန်းကျင်ကရိုက်ကူးထားတဲ့ဓာတ်ပုံတချို့ကို ဖော်ပြလိုက်ပါတယ်။ စျေးဆိုင်အများစုဖွင့်ထားကြပေမယ့် ၁၀ နာရီမတိုင်မီလမ်းမှာလူရှင်းစပြုနေပြီဖြစ်ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်တွင် ပါဝင်နေပြီဖြစ်သည့် မန်းလေးမြို့တော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ စစ်တပ်က မည်သို့ပင် ဖိအားပေးခြိမ်းခြောက်စေကာမူ မန်းလေးမြို့ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်တွင်ပါဝင်နေကြပြီဖြစ်သည်။Photo- သူရအောင်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ပံတောင်း အရုဏ်ဦးသပိတ်စစ်ကြောင်း PDF များဝန်းရံချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ မုံရွာတက္ကသိုလ်ကျောင်းသားမျာသမဂ္ဂ နှင့် လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍စစ်အာဏာရှင်ဆန့်ကျင်ရေး အစောဆုံးအရုဏ်ဦးသပိတ်စစ်ကြောင်း ချီတက်သည်။ ထိုသပိတ်စစ်ကြောင်းအား ဆားလင်းကြီး PDFများကဝန်းရံအားဖြည့်ပေးကြသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် စစ်ကိုင်း၊ အင်းတော်တွင် ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ယနေ့ နံနက် ၉ နာရီကျော် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် စတင်နေပြီဖြစ်သည်။

လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ် စတင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ တနသ်ာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ယခု စတင်နေပြီဖြစ်သည်။

မြစ်ကြီးနား အမှတ် ၃၀ ရဲတပ်ရင်းအနီး ဗုံးကွဲပြီးနောက် စစ်တပ်က ရမ်းကားပစ်ခတ်၍ ၇ နှစ် အရွယ် မောင်ဘုန်းခန့်ထည် ကျည်ထိ ကွယ်လွန်၊ စစ်တပ်က အလောင်း လုယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင်လည်း ယနေ့ နံနက် ၆ နာရီအချိန် လယ်ကုန်းရပ်ကွက် ရှိ အမှတ် ၃၀ ရဲတပ်ရင်း အနီး ဗုံးကွဲမှု ဖြစ်ပေါ် ပြီးနောက် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှု...

စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် စစ်ကိုင်းတွင် စတင်ပြီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကို ယနေ့ နံနက် ၉ နာရီကျော် စစ်ကိုင်းမြို့နယ်၊ မန္တလေး- မုံရွာ လမ်းမကြီးဘေး ညောင်ပင်ဝန်းကျေးရွာ၊ စစ်ကိုင်း ရွှေမင်းဝံစျေး၊ မြို့မစျေး၊ ဘော်ဂါကျောက်ပုတီးဝိုင်းတို့တွင် စတင်လိုက်ပြီဖြစ်သည်။

ယနေ့ Silent Strike တွင် ပါဝင်သူများကို ကျေးဇူးတင်ကြောင်းနှင့် PDF များ ဘေးကင်းစေကြောင်း မေမြို့တွင် ပိုစတာချိတ်ဆွဲ ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ အကြမ်းဖက် စစ်ကောင်စီက မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့် ယနေ့ ပြုလုပ်သော Silent Strike တွင် ပါဝင်ပေးသူများကို ကျေးဇူးတင်ကြောင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစေကြောင်း ပိုစတာကို ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်တွင် မေမြို့ တစ်နေရာ၌ ချိတ်ဆွဲကာ...

ဖက်ဆစ် စစ်အာဏာရှင် ဖြုတ်ချရေး ကလေးမြို့တွင် ၃၅၉ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက် စစ်ကောင်စီ မတရားအာဏာသိမ်းမှု တနှစ်ပြည့်မြောက်သည့်နေ့ ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ကလေးမြို့ပြည်သူများသည် ၃၅၉ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ပြည်သူ့အာဏာပြန်သိမ်းပိုက်စို့ဟု ကြွေးကြော်လှည့်လည်ဆန္ဒပြကြသည်။

Latest news

- Advertisement -spot_img