- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

42182 POSTS
0 COMMENTS

ICJ တရားရုံးနှင့် တရားသူကြီးများကို ဝေဖန်ပုတ်ခတ်ခြင်းမပြုရန် စစ်တပ်က ညွှန် ကြားချက်ထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ အကြမ်းဖက်စစ်တပ်က အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ နှင့် တရားသူကြီးများကို ဝေဖန်ပုတ်ခြင်းမပြုရန် ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ယနေ့ ညွှန်ကြားချက် ထုတ်ပြန်လာသည်။ ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ကိုကိုလှိုင်ဦးဆောင်သော Agent of Myanmar အဖွဲ့ကို မြေပြင်ထောက်ခံပွဲများပြုလုပ်ရာတွင် တရားရင်ဆိုင်ဆဲကာလဖြစ်၍ ICJ တရားရုံးနှင့်...

စလင်းတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သောနေရာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ မှု အသက် ၁ နှစ် အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ပြည်သူထောင်ချီ ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သောနေရာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁ နှစ် အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...

သီတဂူနှင့်ဝီရသူတို့ကို ရည်ညွှန်း၍ ဘုန်းကြီးများ၏ ပြောဆိုရေးသားချက်များက နိုင်ငံနှင့်ချိတ်ဆက်၍ မရနိုင်ဘဲ နိုင်ငံတော်တွင်လည်း တာဝန်မရှိဟု ICJ တရားရုံးတွင် စစ်တပ် ကိုယ်စားပြု ရှေ့နေက တင်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ သီတဂူနှင့်ဝီရသူတို့ကို ရည်ညွှန်း၍ ဘုန်းကြီးများ၏ ပြောဆိုရေးသားချက်များမှာ နိုင်ငံနှင့်ချိတ်ဆက်၍ မရနိုင်ဘဲ နိုင်ငံတော်တွင်လည်း တာဝန်မရှိကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး- ICJ တွင် စစ်တပ်၏ ကိုယ်စားပြု ရှေ့နေ Mr. Stefan Talmonက တင်ပြသည်။ ယမန်နေ့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတွင်...

ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြိုနယ်အစပ်ရှိ စစ်သုံ့ပန်းများထားရာစခန်းကို လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်သုံ့ပန်းများနှင့်မိသားစုဝင် ၂၁ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရခိုင်ပြည်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြိုနယ်အစပ်ရှိ စစ်သုံ့ပန်းများထားရာစခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ စစ်သုံ့ပန်းများနှင့်မိသားစုဝင် ၂၁ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိသွားကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ဇန်နဝါရီလ ၂၀ ရက် ည ၇ နာရီကျော်အချိန် ကျောက်တော်နှင့်...

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရန်ကုန်နှင့် မန္တလေးတို့မှာ ပြုလုပ်မယ့် ICJ တရားရုံး နဲ့ ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲတွေအတွက် မဘသနှင့် အမျိုးသားရေးအစွန်းရောက်တွေက အကြမ်းဖက်စစ်တပ်ဆီကနေ ဘတ် ဂျက်တောင်းခံ ထားတယ်လို့ မဘသအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး-ICJ...

ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှု တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများပါ ကြောက်လန့်ထွက်ပြေး

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ထိုင်းနိုင်ငံ ချွန်ဘူရီ၊ ဖန်သောင်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးရာတွင် တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများ ကြောက်ရွံ့စွာ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်အလုပ်သမားများကို ကူညီပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ ချွန်ဘူရီခရိုင်အတွင်း ထိုင်းရဲများ...

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော KNA တပ်များနှင့် စစ်တပ်အကြား ဆက်ဆံရေးပြေလည်သွားပြီး ထမင်းလက်ဆုံစားသည့်အဆင့်အထိ ရောက်ရှိ၊ KNA ၏ကျားဖြန့် လုပ်ငန်းများ ပြန်လည်စတင်မှု အပေါ် စစ်တပ်က အနှောင့်အယှက်မပေးတော့

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ကရင်ပြည်နယ်တွင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော KNA တပ်များနှင့် စစ်ကော် မရှင်တပ်များအကြား တင်းမာမှု မရှိတော့ဘဲ ထမင်းလက်ဆုံစားကြသည့်အထိ ဆက်ဆံရေးပြေလည်သွားပြီး KNA ၏ကျားဖြန့် လုပ်ငန်းများ အပေါ် စစ်တပ်က အနှောင့်အယှက်မပေးတော့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၂၁ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ...

စစ်ကိုင်းမြို့နယ် မြသိန်းတန်စေတီနှင့် မင်းကွန်း ရဲစခန်းတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ပြီး ဘန်ကာတစ်ခုကို ရှင်းလင်းနိုင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၁ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်စေတီနှင့် မင်းကွန်းရဲစခန်းတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဘန်ကာ တစ်ခုကိုရှင်းလင်းနိုင်ခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ - UGF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ...

ထီးလင်းနှင့် ရေးမြို့နယ်တို့တွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ခမရ ၃၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Yaw Revolution Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ...

Latest news

- Advertisement -spot_img