27.4 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

36869 POSTS
0 COMMENTS

Khit Thit သတင်းဌာန၏ မေ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် မင်းအောင်လှိုင် ရုရှား ရောက်တဲ့အချိန် ယူကရိန်းနိုင်ငံဘက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို တာဝေးပစ်ဒရုန်းတွေနဲ့ တတိယနေ့ အဖြစ် ဆက်လက်တိုက်ခိုက်ခဲ့ပြီး ၊ မော်စကိုလေဆိပ်မှာ လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်းရွှေ့ဆိုင်းလိုက်ရတယ်လို့...

ကျုံဒိုးမြို့သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ခမရ ၄၃၂ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထက် အပါအဝင် စစ်သား ၃၀ ခန့်သေဆုံး

ရန်ကုန်၊ မေ ၈ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခမရ ၄၃၂ မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း Mon Liberation Army – MLA တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ...

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် စစ်မှုထမ်းဆင့်ခေါ်ခံရသည့် အသက် ၂၃ နှစ်အရွယ် မောင်ကျော်ကိုကိုခန့် ကြိုးဆွဲချ အဆုံးစီရင်

ရန်ကုန်၊ မေ ၈ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် စစ်မှုထမ်းဆင့်ခေါ်ခံရသည့် အသက် ၂၃ နှစ်အရွယ် မောင်ကျော်ကိုကိုခန့် ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ပဒုမ္မာလမ်း၊ အမှတ် ၄၂၄/ခ တွင်နေထိုင်သည့် မောင်ကျော်ကိုကိုခန့်ကို မေလအတွင်း ဖွင့်လှစ်မည့်...

လားရှိုးနှင့် ရမခဌာနချုပ်တွင် လက်နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးပျောက်ဆုံး အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူ ဇနီးများနှင့် မိသားစုများအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့်လစာထုတ်ပေးမှုများ ရပ်ဆိုင်း

ရန်ကုန်၊ မေ ၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်စဉ် လက် နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အလောင်းမရရှိဘဲ သေဆုံးနှင့် ပျောက်ဆုံး စာရင်းဝင်ထားသော အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူဇနီးများနှင့် မိသားစုဝင်များအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့် လစာ ထုတ်ပေးမှုများ...

စစ်ကောင်စီက ဂန့်ဂေါမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ မေ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနေရာအချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၇ ရက် ည ၈ နာရီ ၃၀ မိနစ် ဝန်းကျင်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ နေရာ...

Khit Thit သတင်းဌာန၏ မေ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပယ်ချလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။ ရန်ကုန်တွင် မေလ ၆ ရက်နေ့...

AA နှင့် ဆက်ဆံရေးအပေါ် စစ်ကောင်စီ ကန့်ကွက်မှု ဘင်္ဂလားဒေ့ရှ်အစိုးရ၊ အမျိုးသားလုံခြုံရေးအကြံပေး ပယ်ချ

ရန်ကုန်၊ မေ ၈ အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ပယ်ချလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများက ဖော်ပြသည်။ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် လိုအပ်ကြောင်း ယူဆလျှင် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး...

မင်းအောင်လှိုင် ရုရှား ရောက်ရှိချိန် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို တာဝေးပစ်ဒရုန်းများဖြင့် တတိယနေ့ အဖြစ် ဆက်လက်တိုက်ခိုက်၊ မော်စကိုလေဆိပ်တွင် လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်းရွှေ့ဆိုင်း

ရန်ကုန်၊ မေ ၈ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ ရောက်ရှိနေချိန် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ တာဝေးပစ်ဒရုန်းများဖြင့် တတိယနေ့အဖြစ် ဆက်လက်တိုက်ခိုက်လိုက်ပြီး ရုရှားနိုင်ငံက လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်း ရွှေ့ဆိုင်းလိုက်ရကြောင်း အေပီ သတင်းတစ်ရပ်အရ သိရှိရသည်။ ရုရှားစံတော်ချိန် မေလ ၇...

TNLA သိမ်းပိုက်ထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ ထွက်ပြေးလာရသော အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ယာယီရုံးများ ဖွင့်လှစ်ပေးပြီး ယန္တရားဆက်လက်လည်ပတ်ခိုင်း၊ သိမ်းပိုက်ခံထားရသော မြို့နယ်များသို့ အချိန်မရွေး ပြန်ဝင် အုပ်ချုပ်နိုင်ရန် အသင့်ပြင်ခိုင်း

ရန်ကုန်၊ မေ ၈ ၁၀၂၇ စစ်ဆင်ရေးဖြင့် တအာင်း TNLA က သိမ်းပိုက်ထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ ထွက် ပြေး တိမ်းရှောင်ခဲ့ရသော အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ပြန် လည်စုစည်းခေါ်ယူနေပြီး မြို့နယ်များသို့ ပြန်လည်ဝင်ရောက်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၁ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၁ ဦးသေဆုံး ရန်ကုန်၊ မေ ၇ မြန်မာနိုင်ငံတစ်ဝန်း မေလ ၇ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

Latest news

- Advertisement -spot_img