- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

43278 POSTS
0 COMMENTS

ရုပ်ရှင်မင်းသား မင်းမော်ကွန်း မပါဝင်ဘဲ “နှင်းဆီ” အဖွဲ့ ပထမဆုံးအကြိမ် ပွဲပြန်ထွက်၊ စစ်တပ်ကို တော်လှန်နေသည့် ရုပ်ရှင် သရုပ်ဆောင်များ၏ ဇာတ်ကားများနှင့် ရုပ်ရှင်များကို ဆက်တိုက်ပိတ်ပင်နေ

ရန်ကုန်၊ မတ် ၈ ယနေ့ ကျရောက်သည့် မြန်မာ့ရုပ်ရှင်အစည်းအရုံး တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် လူသိများသည့် "နှင်းဆီ" အဖွဲ့၏ ဖျော်ဖြေပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ပွဲပြန်ထွက်မည်ဖြစ်ကြောင်း ရုပ်ရှင်လောကသားများထံမှ သိရှိရသည်။ "နှင်းဆီ" အငြိမ့်သည် ရုပ်ရှင်သရုပ်ဆောင် မင်းသား မင်းမော်ကွန်းက အဓိက အဖွဲ့ဝင်အဖြစ်...

သံဖြူဇရပ် စက်စဲရွာတွင် DKBA ဗိုလ်ကြီးစောကိုမျိုးနှင့် ရဲများ ပူးပေါင်းကာ လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေ

ရန်ကုန်၊ မတ် ၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် DKBA ဗိုလ်ကြီးစောကိုမျိုးနှင့် ရဲများ ပူးပေါင်းကာ လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုနေသည့် ကာလအတွင်း သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ ဘော လုံးကွင်းအတွင်း ဇာတ်သဘင်ပွဲများကို ဟန်ပြကာ...

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများကို ပြတ်သားစွာ အရေးယူရန် အမေရိကန်သမ္မတထရမ့် အမိန့်ထုတ်

မြန်မာ အပါအဝင် ကျားဖြန့်လက်ခံထားသော နိုင်ငံများအတွက် အမေရိကန်၏ ကြီးမား ပြင်းထန်သော သတိပေးချက်ဟုဆို ရန်ကုန်၊ မတ် ၈ နိုင်ငံဖြတ်ကျော် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူရန်၊ အကူအညီများဖြတ်တောက်ရန် အမေရိကန်သမ္မတထရမ့်က မတ်လ ၆ ရက်နေ့တွင် အမိန့်ထုတ်ပြန်သည်။ အမေရိကန်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများကို...

Khit Thit သတင်းဌာန၏ မတ် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ထိုင်း-မြန်မာနယ်စပ်မှာ အမေရိကန် FBI က မြန်မာဘက်အခြမ်းမှာရှိတဲ့ ကျားဖြန့်ဝင်းတွေ၊ အဲဒီဝင်းတွေကို အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်း တာတွေ၊ လေ့လာတာ တွေကို အသေးစိတ် လုပ်ဆောင်နေပြီလို့ ထိုင်း-မြန်မာနယ်စပ်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

ရန်ကုန်၊ မတ် ၇ မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၇ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ...

ကနီတွင် စစ်တပ် စစ်ကြောင်းက နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု မောင်ရင်လောင်းအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

ရန်ကုန်၊ မတ် ၇ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နတ်လာပို့တောင်ရွာရှိ ရှင်ပြု အလှူအိမ်ကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် မောင်ရင်လောင်း အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့...

စစ်ကိုင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ ရေးမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၇ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကောင်းမှုတော်စေတီ ထီးတင်ပွဲအတွက် ကာကင်းလာယူသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး စစ်ကြောင်းမှုးအပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ယူနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဖေဖော်ဝါရီလ ၂၈...

ကျောက်ပန်းတောင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးပစ်သတ်ပြီး လူ ၃၀ ကျော်ကို ဖမ်းဆီးထား၊ ကျေးရွာ ၇ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၇ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး ပစ်သတ်ပြီး လူ ၃၀ ကျော်ကို ဖမ်းဆီးထားကာ ကျေးရွာ ၇ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့...

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်ဝင်းများ၏ နေ့စဉ် လည်ပတ်အလုပ်လုပ်နေပုံကို အမေရိကန် FBI နှင့်ထိုင်းအာဏာပိုင်များက အသေးစိတ်လေ့လာ၊ KNU နှင့်ချိတ်ဆက်မှုမရှိသေး

ရန်ကုန်၊ မတ် ၇ ထိုင်း-မြန်မာနယ်စပ်တွင် အမေရိကန် FBI ကမြန်မာဘက်အခြမ်းရှိ ကျားဖြန့်ဝင်းများ၊ အကာအကွယ်ပေးနေသည့် လက်နက် ကိုင်တပ်ဖွဲ့များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုများ၊ လေ့လာမှုများ အသေးစိတ်လုပ်ဆောင်နေကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။ "ကျနော်တို့သိသလောက် FBI ရော ထိုင်းရော မြန်မာဘက်အခြမ်းမှာရှိတဲ့ ကျားဖြန့်တွေ လည်ပတ်နေပုံကိုသေချာ အသေးစိတ် လေ့လာနေကြတယ်ဆိုတာ သိရတယ်။...

ရှမ်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင်သယ်လာသည့် စက်သုံးဆီပုံးများကို စစ်တပ်က စီမံချက်ဖြင့် ဖမ်းဆီးနေပြီး လားရှိုးတွင် စက်သုံးဆီပြတ်လပ်

ရန်ကုန်၊ မတ် ၇ ရှမ်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင်သယ်လာသည့် ဆီပုံးများကို စစ်တပ်က စီမံချက်ဖြင့် ဖမ်းဆီးနေပြီး လားရှိုးတွင် စက်သုံးဆီပြတ်လပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တွင် စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရချိန်တွင် ရှမ်းပြည်တောင်ပိုင်းမှ တပိုင်တနိုင် သယ်ဆောင်လာသည့် ဆီပုံးများကိုပါ စစ်တပ် ဂိတ်များက ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ မတ်လ...

Latest news

- Advertisement -spot_img