- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

43401 POSTS
0 COMMENTS

မြန်မာစစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ ရပ်တန့်ရေးအတွက် နိုင်ငံတကာက အပြင်းထန်ဆုံး ပြိုင်တူဖိအားပေးရန် KNU တိုက်တွန်း

ရန်ကုန်၊ မတ်လ ၁၂ မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ တိုးမြှင့်ကျူးလွန်နေမှုကို ရပ် တန့်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အာဏာသိမ်းစစ်တပ်ကို အမြန်ဆုံးနှင့် အပြင်းထန်ဆုံး ပြိုင်တူဖိအားပေးကြရန် KNU - ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းတောင်းဆိုလိုက်သည်။ အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလကုန်ပိုင်းတွင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၎င်းတို့ချုပ်ကိုင်ထားသည့် လွှတ်တော်ကို စတင်မည်ဟုဆိုကာ ကော်သူးလေအုပ်ချုပ်ရေးနယ်မြေနှင့်...

NUG အစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ အကြား လုပ်ပိုင်ခွင့်အာဏာခွဲ ဝေခြင်း အချက် ၉ ချက်သဘောတူပြီး လိုအပ်ချက်များကို ဆွေးနွေး

ရန်ကုန်၊ မတ် ၁၂ NUG အစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး လုပ်ပိုင်ခွင့်အာဏာခွဲ ဝေခြင်း အချက် ၉ ချက်သဘောတူညီခဲ့ကာ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ မတ်လ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်းအတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့ဝင်များနှင့်စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း...

စစ်တပ်၏ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန် အသက် သွင်းမည့် နိုင်ငံရေးဆွေးနွေးပွဲများကို လက်မခံဟု မွန်တော်လှန်ရေးအဖွဲ့များပြော

ရန်ကုန်၊ မတ် ၁၂ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲမှ တက်လာမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းမည့် နိုင်ငံရေးဆွေးနွေးပွဲများကို လက်မခံကြောင်း မွန်တော်လှန်ရေးဖိုရမ် ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယခုနှစ် မတ်လ ၉ ရက်နေ့မှ မတ်လ ၁၁ နေ့အထိ မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား...

ငဖဲမြို့နယ် တိုက်ပွဲနယ်မြေမှ စစ်မှုထမ်းတပ်သား ၂ ဦး ၊ တံတာဦးမှ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူ မျိုးမြင့်ခေါင်တို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ မတ် ၁၂ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ တိုက်ပွဲနယ်မြေအတွင်းသို့ ရောက်ရှိသွားသော စစ်မှုထမ်း တပ်သား ၂ ဦးကို အလင်းဝင်ခဲ့ကြောင်း ထောက်ပို့စစ်သည်တော်မရွှေဂျူးနှင့် ချင်းကာ ကွယ်ရေး တပ် -အရှိုမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းတို့က ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ ၂၀၂၅ ခုနှစ်၊...

ယင်းမာပင် ဖိုလ်ဝင်တောင်ကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲမှု ဘုရားဖူး ပြည်သူ ၂ ဦးသေဆုံး၊ ရွှေကျင်တွင်လည်း စစ်တပ်က ဗုံးကျဲမှု အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၂ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်ကို စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲခြင်းကြောင့် ဘုရားဖူး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်...

မြစ်ကြီးနားမြို့အနီးရှိ အကျွဲရွာကုန်းတွင် တပ်စွဲထားသော စစ်စခန်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံး

ရန်ကုန်၊ မတ် ၁၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးရှိ အကျွဲရွာကုန်းတွင် တပ်စွဲထားသော စစ်စခန်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သား တချို့ ထိခိုက်သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၁...

သရက်ချောင်းမြို့နယ်ရှိ ဝင်းဝစစ်တပ်စခန်းကြီးကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ၆၇ ဦသေဆုံး၊ လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၁၂ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၆၇ ဦး သေဆုံးပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်၏ထုတ်ပြန်ချက်နှင့် ဒေသတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်များအရ သိရသည်။ မတ်လ ၁၁ ရက်နေ့...

Khit Thit သတင်းဌာန၏ မတ် ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က ဖမ်းဆီးခံ စစ်သားတွေထား ရှိရာ စစ်သုံ့ပန်းစခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့လာပြီး သူ့လူတွေကို ဗုံးကျဲသတ်ဖြတ်သွား မှု အတွင်း စစ်တပ်ဘက်က...

နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ကြီးဌာနများအလိုက် CDM အမည်စာရင်း၊ နိုင်ငံရေးအမှုဖြင့် အလိုရှိနေသော ထွက်ပြေးတိမ်းရှောင်စာရင်းများကို ပြန်လည်ပြုစုပြီး အမြန်ဆုံးပေးပို့ရန် စစ်တပ်က ညွှန်ကြား

ရန်ကုန်၊ မတ် ၁၂ အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ကြီးဌာနများအလိုက် CDM အမည်စာရင်းများ၊ နိုင်ငံရေးအမှုဖြင့် အလိုရှိသော ထွက်ပြေးတိမ်းရှောင်စာရင်းများကို သက်ဆိုင်ရာဌာနများအလိုက် ပြန်လည် ပြင်ဆင် တည်းဖြတ်ပြုစုပြီး ပြည်ထဲရေးဝန်ကြီးဌာနထံသို့ ပေးပို့ရန် စစ်တပ်က ညွှန်ကြားလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ယခုလာမည့် မတ်လအကုန်တွင် သက်ဆိုင်ရာ...

မြိတ်-ထားဝယ် လမ်းနှင့် ကော့ကရိတ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ

ရန်ကုန်၊ မတ် ၁၂ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၁ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး...

Latest news

- Advertisement -spot_img