25.1 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

39035 POSTS
0 COMMENTS

ပြင်ဦးလွင်တွင် စစ်အရာရှိများက ပြည်သူများထံသို့ အဆင့်ဆင့် ရောင်းချထားသော MIC ဆိုင်ခန်း ၅၄ ခန်းကို စစ်ကောင်စီက အတင်းအဓမ္မ ဖျက်သိမ်းခိုင်းနေ

ရန်ကုန်၊ ဇွန် ၂၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် စစ်အရာရှိများက ပြည်သူများထံသို့ အဆင့်ဆင့် ရောင်းချထားခဲ့သော ဆိုင်ခန်း ၅၄ ခန်းကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းနေကြောင်း ဆိုင်ခန်းအဖျက်ခံရမည့်သူများနှင့်နီးစပ်သူများက ပြောဆိုသည်။ ၁၉၉၅ ခုနှစ် ဝန်းကျင်အချိန် ပြင်ဦးလွင်ရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် စစ်တပ်က ဆိုင်ခန်းများ ဆောက်လုပ်ခဲ့ပြီး စစ်အရာရှိများနှင့် အသိုင်းအ၀ိုင်းများကို...

အင်းတော်မြို့နယ်၊ နဘားရွာရှိ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို စစ်တပ်က ယနေ့ နံနက် လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုန်းကြီးကျောင်းပျက်စီးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၂ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာရှိ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီး ပြီး ခရီးသွားအမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၅...

ယူကေနိုင်ငံ လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲကျင်းပ

ရန်ကုန်၊ ဇွန် ၂၂ ယူကေနိုင်ငံ လန်ဒန်မြို့တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲကို ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာ၊ ယူကေနိုင်ငံဆိုင်ရာ...

ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ ဇွန် ၂၂ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅နာရီ...

အမေရိကန်က အီရန်နူကလီးယားစက်ရုံများကို လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ခြင်းဖြင့် အစ္စရေး-အီရန်စစ်ပွဲတွင် ပါဝင်လာ၊ အမေရိကန်သမ္မတ ထရမ့်က နိုင်ငံကို မိန့်ခွန်းပြောမည်

ရန်ကုန်၊ ဇွန် ၂၂ အမေရိကန်ပြည်ထောင်စုက အီရန်နူကလီးယားစက်ရုံများကို လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ခြင်းဖြင့် အစ္စရေး-အီရန်စစ်ပွဲတွင် ပါဝင်လိုက်သည်။ ယနေ့ မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက်နေ့( အမေရိကန်စံတော်ချိန် ဇွန်လ ၂၁ ရက်နေ့)တွင် အမေရိကန်က အီရန်နိုင်ငံ၊ Fordow၊ Natanz နှင့် Isfahan တို့ရှိ နျူကလီးယား...

ရန်ကုန်-ပြည်လမ်းတိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး ဒုတိယဗိုလ်မှူးကြီးရာထူးတိုးပေး၊ သေဆုံးသူ စစ်အရာရှိကြီး ၄ ဦးအထိတိုးလာ

ရန်ကုန်၊ ဇွန် ၂၂ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်တိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး သေဆုံးချိန်တွင် ဒုတိယဗိုလ်မှူးကြီးကို စစ်ကောင်စီက ရာထူးတိုးပေးလိုက်ကြောင်း သိရှိရသည်။ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာ...

Khit Thit သတင်းဌာန ဇွန် ၂၂ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၂ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၁ မြန်မာနိုင်ငံတစ်ဝန်း ဇွန် ၂၁ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ...

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တင့်ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးအရှင်မိ

ရန်ကုန်၊ ဇွန် ၂၁ မကွေးတိုင်း၊ စလင်းမြို့နယ် အတွင်းကို ပုသိမ်-မုံရွာ လမ်းပိုင်း အတိုင်း တင့်ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း Peacock Brother Urban...

ဆားလင်းကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်

ရန်ကုန်၊ ဇွန် ၂၁ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုဦးဆောင်ပြီး ဇွန်လ ၂၁ ရက်နေ့တွင် “ Freedom form Fear ”၊ “ အကြောက်တရားမှ လွတ်မြောက်ရေး ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် သပိတ်ထွက်ရှိခဲ့ကြသည်။

Latest news

- Advertisement -spot_img