25.3 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

39012 POSTS
0 COMMENTS

ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ် ၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို တင်ထား၊ အမေရိကန်ကလည်း ကြေညာချက်ထုတ်

ရန်ကုန်၊ ဇွန် ၁၉ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ်၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို ယနေ့ နံနက်ပိုင်းတွင် ပြောင်းလဲတင်ထားကြသည်။ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဆွီဒင်၊...

Khit Thit သတင်းဌာန၏ ဇွန် ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ဘုရားသုံးဆူမြို့ပေါ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆိုင်းဘုတ်ကို ဒေသခံ ပြည်သူတွေက စုပေါင်းပြီး စိုက်ထူခဲ့ကြတယ်လို့ သိရပါတယ်။ အကြမ်းဖက် စစ်အာဏာရှင်ကို...

မြ၀တီမြို့လယ်ခေါင်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းချိတ်ဆွဲ

ရန်ကုန်၊ ဇွန် ၁၉ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းကပ်ထားကြောင်း မြ၀တီမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၇ နာရီအချိန် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့လယ်ခေါင် ဘုရင့်နောင်စျေးရှေ့တွင်...

ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဟု Suu Foundation က သတင်းထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်အခြေအနေ မည်သူမှ သိခွင့်မရဖြစ်နေဟု NUG မှတ်ချက်ပြု

ရန်ကုန်၊ ဇွန် ၁၉ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက အကျဉ်းချထားစဉ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး၏ ဒဏ်ကြောင့် ဘယ်ဘက်လက်မောင်း ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း Suu Foundation က ယမန်နေ့...

ရန်ကုန်-ပြည် လမ်းတွင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ သေဆုံးပြီးနောက် စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး သံချပ်ကာကားများကိုပါ အသုံးပြုလာ

ရန်ကုန်၊ ဇွန် ၁၉ ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း၊ မင်းလှမြို့နယ် တိုက်ပွဲများတွင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ သေဆုံးပြီးနောက် စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး သံချပ်ကာကားများကိုပါ အသုံးပြုလာကြောင်း သိရှိရသည်။ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈ မြန်မာနိုင်ငံတစ်ဝန်း ဇွန် ၁၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၂ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ...

ယင်းမာပင်မြို့နယ် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာလူထုသပိတ်စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့်မွေးနေ့လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာလူထုသပိတ်စစ်ကြောင်းသည် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်လူထုလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းခဲ့ကြသည်။

မုံရွာမြို့နယ် ကျေးရွာတစ်ရွာတွင် ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့်မွေးနေ့အကြိုအထိမ်းအမှတ်လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ မုံရွာမြို့နယ် ကျေးရွာတစ်ရွာတွင် မုံရွာမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊၅/အရတ အရာတော်လူထုသပိတ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအတူ ပူးပေါင်းဦးဆောင်၍ ကျေးလက်‌နေပြည်သူလူထုနှင့်အတူ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့်မွေးအထိမ်းအမှတ်အကြိုအ ဖြစ်"ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ တပြည်လုံး လွတ်မြောက်ရေးအတွက်ဆက်ရုန်းကြ" ဘန်နာစာတန်းကိုင်စွဲကာ လူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြသည်။

ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၈ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁...

Latest news

- Advertisement -spot_img