25.3 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

39012 POSTS
0 COMMENTS

ဆားလင်းကြီးမြို့နယ် သပိတ်တပ်ပေါင်းစုများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့်မွေးနေ့ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တစ်နေရာတွင် ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုများစုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို လူထုအင်အားများစွာဖြင့်ပြုလုပ်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ တရားမဝင်အတုအယောင် ရွေးကောက်ပွဲ အလိုမရှိကြောင်း၊ ဖမ်းဆီးထားသောနိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးရေး တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

ရေဦးမြို့ပေါ်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက်တိုက်ခိုက်မှု ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း YE-U Freedom Comrades - YFC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၁၅ ရက်နေ့...

ဆားလင်းကြီး ဝမ်ပေါင်ကုမ္ပဏီ အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ပေါင်းတည်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ

ရန်ကုန်၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီ အနီးတစ်ဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၆ ရက်နေ့က စတင်ပြီး ဝမ်ပေါင် ကုမ္မဏီ အနီးတစ်ဝိုက်ရှိ ညောင်ပင်ကြီးကျေးရွာအုပ်စု...

ပြည်သူ့အားမာန်သပိတ်က စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆန္ဒပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အပြာရောင် လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူပေးရေးအတွက် ပြည်သူ့အားမာန်သပိတ်က စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆန္ဒပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများအားလုံး ကျမ်းမာပါစေ အကျဥ်းထောင်တွင်းမှ အမြန်ဆုံးလွတ်မြောက်စေကြောင်း အပြာရောင် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက အမေစု ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးလူထုသပိတ် ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ ယင်းမာပင်မြို့နယ် မြောက်ခြမ်းတွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဇွန်လ ၁၈ ရက်နေ့တွင် အမေစု ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးလူထုသပိတ် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။

စစ်ကောင်စီက အာဏာသိမ်းထားသော ကာလတစ်လျှောက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက် တစ်ခုသဖွယ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေ

ရန်ကုန်၊ ဇွန် ၁၈ အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းထားသော ကာလတစ်လျှောက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက် တစ်ခုသဖွယ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ဇွန်လ ၁၇ ရက်နေ့မှ...

အင်းစိန်မီးရထားဒီဇယ်စက်ခေါင်းစက်ရုံအနီးရှိ ပင်စင်စား မီးရထားဝန်ထမ်း ဟောင်းများ၏ နေအိမ် ၂၀၀ ခန့် စစ်တပ်က အတင်းအကျပ် ဖျက်ခိုင်း

ရန်ကုန်၊ ဇွန် ၁၈ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်မီးရထားဒီဇယ်စက်ခေါင်းစက်ရုံအနီးရှိ ပင်စင်စား မီးရထားဝန်ထမ်း ဟောင်းများ၏ နေအိမ် ၂၀၀ ခန့် စစ်တပ်က အတင်းအကျပ် ဖျက်ခိုင်းနေသဖြင့် နေအိမ်များ ဖျက်သိမ်းနေရကြောင်း အိမ်ဖျက်ခံနေရသော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အင်းစိန်ဘူတာနှင့် ဒီဇယ် စက်ရုံတိုင်း ၇ နားရှိ...

ချောင်းဦးမြို့နယ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန် ၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်လိုက်ပါလာသော စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Area 71 LPDF Monywa တပ်ဖွဲ့ခေါင်းဆောင် ကိုထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၁၈...

Khit Thit သတင်းဌာန၏ ဇွန် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ တရားခွင်မှာ အမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်း ဗီဒီယို နဲ့ လူထုခေါင်းဆောင်ရဲ့ ထောင်တွင်း နေ့စဉ် နေထိုင်မှု မှတ်တမ်းတွေဟာ ဂါးဒီးယန်းသတင်းဌာနကို ပေါက်ကြားလာပါတယ်။ ရန်ကုန်မြို့က...

ကလေးမြို့တွင် ပန်းသပိတ်နှင့်အတူ အဖမ်း‌ဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ကြွေးကြော်တောင်းဆိုခြင်းများပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသကျောင်းသားပြည်သူများနှင့်အတူ ပူးပေါင်းကာ သပိတ်တရားဟောပြောခြင်းများပြုလုပ်ခဲ့ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နှင့်အတူ အဖမ်း‌ဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ကြွေးကြော်တောင်းဆိုခြင်းများပြုလုပ်ခဲ့ကြသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia...

Latest news

- Advertisement -spot_img