27.8 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

38933 POSTS
0 COMMENTS

စစ်လေယာဉ်များက သေ့ဘောဘိုးစခန်း မကျစေရန် ဗုံးကျဲခုခံစဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးသွားခဲ့ပြီး ကျန်စစ်သားများ အားလုံး အလံဖြူထောင်လက်နက်ချ

ရန်ကုန်၊ ဇွန် ၄ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစခန်းကို KNLA တပ်များက ယမန်နေ့ အပြင်းအထန် ထိုးစစ်ဆင်စဉ် သေ့ဘောဘိုးစခန်း မကျစေရေး စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲခုခံခဲ့စဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးသွားခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ...

FPV ဒရုန်း အန္တရာယ်ရှိနေ၍ လေယာဉ်နှင့်ရဟတ်ယာဉ်များကို လေယာဉ်ဂိုဒေါင်များတွင် လုံခြုံစွာ သိမ်းဆည်းထားရန်၊ Jammer နှင့် ဒရုန်း Guard များကို စဉ်ဆက်မပြတ် စစ်ဆေးရန် ညွှန်ကြား

ရန်ကုန်၊ ဇွန် ၄ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နှင့် ရွှေကူမြို့တို့တွင် FPV (First Person View)ဒရုန်းများဖြင့် စစ်ရဟတ်ယာဉ် ၂ စီးကို KIA က ဖျက်ဆီးခဲ့ပြီးနောက် လေတပ်များတွင် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို လေယာဉ်ဂိုဒေါင် (Hanger) များတွင် လုံခြုံစွာ သိမ်းဆည်းထားရန်၊...

စစ်တပ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ဖမ်းဆီးခံထားရသော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ထောက်လှမ်းရေးများက စစ်ကြောရေးစခန်းသို့ ခေါ်ဆောင် စစ်ကြောနေ

ရန်ကုန်၊ ဇွန် ၄ မင်းအောင်လှိုင် အပါအဝင် စစ်တပ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ဖမ်းဆီးခံထားရသော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ထောက်လှမ်းရေးများက စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်ပြီး စစ်ကြောနေကြောင်း ပြင်ဦးလွင်အခြေစိုက် ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ပြင်ဦးလွင်တွင်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃ မြန်မာနိုင်ငံတစ်ဝန်း ဇွန် ၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၃၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

မြင်းခြံတွင် PDF ဂိတ်ကို လာရောက် တိုက်ခိုက်သည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၃ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDF ဂိတ်ကို လာရောက် တိုက်ခိုက်သည့် အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၂ ရက်နေ့ နံနက်...

ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှ သရက်သီး ထွက်ကောက်သည့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၃ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှ သရက်သီး ထွက်ကောက်သည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း နွေဦးညီနောင်-ပြောက်ကျားတပ်ဖွဲ့မှ ဗိုက်တေဇက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ...

ယင်းမာပင်မြောက်ခြမ်း ကျေးရွာများ သပိတ် စစ်ကြောင်းက ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၃ ယင်းမာပင်မြို့နယ် မြောက်ခြမ်း ကျေးရွာများ လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ်တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Breaking News- ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ

ရန်ကုန်၊ ဇွန် ၃ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိသွားပြီဖြစ်သည်။ ယမန်နေ့ ဇွန်လ ၂ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်၏ သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ယနေ့တွင် တိုက်ပွဲ အလွန်ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီက...

ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၃ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Peacock Drone Team Myaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။ မေလ ၂၉ ရက်နေ့...

လက်ပံတောင်းတောင်ဒေသတွင် စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူပေးရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇွန် ၃ လက်ပံတောင်းတောင်ဒေသတွင် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူများနှင့်အတူ “ Vote ILO Article 33 to save LIVES ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဟစ်ကြွေးကာ လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်

Latest news

- Advertisement -spot_img