32 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

32328 POSTS
0 COMMENTS

ဝက်လက်တွင် စစ်တပ်က ကျေးရွာ ၅ ရွာကို ၂ ရက်ဆက်တိုက် မီးတင်ရှို့၊ ဗန်းမောက်မြို့ရှိ ကော်တာရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ အောက်တိုဘာ ၁၆ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီး နေကြောင်း GZ Special Task Force - Wetlet အဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်သည်...

ရန်ကုန်မြို့တွင် “ဘာကောင်တွေလဲ.. ဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်မဲ့ကောင်တွေ” စာတန်း ကိုင်ဆောင်ကာ သပိတ်အင်အားစုများက ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ "ဘာကောင်တွေလဲ.. ဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်မဲ့ကောင်တွေ" ဆိုသော စာတန်း ကိုင်ဆောင်ကာ သပိတ်အင်အားစုများက ယနေ့ ချီတက် ဆန္ဒပြကြသည်။ ဆန္ဒပြပွဲကို Burma Youth Revolutionary Force(BYRF)၊မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊အထက(၄)သာကေတကျောင်းသားများသမဂ္ဂ၊ဗမာ့လူငယ်ကွန်ရက်(ဗလက)တို့ စသည့်တော်လှန်ရေးပျောက်ကြားသပိတ်အင်အားစုများမှပူးပေါင်း၍ဖက်ဆစ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြကြခြင်းဖြစ်သည်။

“ငါတို့အနာဂတ် ငါတို့အသွေးအသားနဲ့ တည်ဆောက်မယ်” စာတန်း ကိုင်ဆောင်ကာ လောင်းလုံးလူငယ်များ ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၁၆ လောင်းလုံးတွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် "ငါတို့အနာဂတ် ငါတို့အသွေးအသားနဲ့ တည်ဆောက်မယ်" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၁၆ မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၁၆ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချောင်းဦး၊ မုံရွာနှင့် မြိုင်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် မထိသာရွာအနီး စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မှန်ချိုရွာတွင် တပ်စွဲထားသော အင်အား ၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ...

စစ်အာဏာရှင် ဖြုတ်ချရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၁၆ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် အောက်တိုဘာလ ၁၆ ရက် ယနေ့နံနက်၌ ၅၈၄ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

ယင်းမာပင် မြောက်ခြမ်း စစ်အာဏာရှင်ဆန့်ကျင်ရေးညနေခင်းသပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ အောက်တိုဘာ ၁၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်း စစ်အာဏာ ရှင် ဆန့်ကျင်ရေး ညနေခင်း သပိတ်စစ်ကြောင်း ယနေ့ညနေပိုင်း ချီတက် သပိတ်မှောက်သည်။

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၁၆ ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ထကြွတော်လှန်ကျောင်းသားထုအားမာန်” စာတန်းကိုင်စွဲကာ ကျောင်းသားလူထု ပူးပေါင်းသပိတ်စစ်ကြောင်းချီတက်

ရန်ကုန်၊ အောက်တိုဘာ ၁၆ ဘုတလင်မြို့နယ် ကျောင်းသားများသမ္မဂ္ဂ(ဗကသ များအဖွဲ့ချုပ်)၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ ဝင်များ၊ မုံရွာတက္ကသိုလ်ကျောင်းသားများ သမ္မဂ္ဂ၊ မုံရွာပင်မ သပိတ်ကော်မတီဝင်များ အတူပူးပေါင်းဦးဆောင်၍ ဘုတလင်မြို့နယ် ကျေးရွာအတွင်းရှိ ကျောင်းသားလူငယ်များ မိဘပြည်သူများ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အတူပူးပေါင်းဝန်းရံကာ "ထကြွတော်လှန် ကျောင်းသားထုအားမာန်"ဘန်နာစာတန်း ကိုင်စွဲ၍ အဖြူရောင် အဝတ်စားများ...

Latest news

- Advertisement -spot_img