31.3 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

32235 POSTS
0 COMMENTS

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မတ္တရာ တိုက်ပွဲတွင် စစ်တပ်၏ လက်နက်ကြီးကျည် ပြန်ထိ၍ သေဆုံးမှု အပါအဝင် စစ်သား ၁၃ ဦးသေဆုံး၊ တကောင်း နှင့် ဝမ်းတွင်းတို့တွင် စစ်ကားများ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး၊ မင်းကင်း မြန်မာ့စီးပွားရေးဘဏ် ဗုံးခွဲခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၂ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် စစ်ကောင်စီတပ်သားများကို ပြန်လည် ထိမှန်၍ သေဆုံးမှု အပါအဝင် စစ်သား ၁၃ ဦးသေဆုံးကြောင်း၊ စစ်သား ၁၅ ဦးဒဏ်ရာရရှိကြောင်း PDF မဟာမိတ်တပ်များက သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက်နေ့...
00:05:25

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဖွံ့လှိုင်းကျေးရွာကို စက်တင်ဘာလ ၉ ရက်နေ့မှာ အကြမ်းဖက် စစ် ကောင်စီတပ်ကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီး ကျေးရွာကို ဝင်ရောက်စီးနင်းတဲ့အချိန် စစ်ကောင် စီရဲ့နေပြည်တော်...

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၂ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၂ စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် "လူယုတ်တွေကို အခွင့်ရေးပေးခြင်းသည် တိုင်းပြည်နဲ့လူမျိုးစုတွေကို ဖျက်ဆီးခွင့်ပေးတာနဲ့ အတူတူပဲ။ အခွင့်ရေးလုံးဝမပေးနဲ့ အဆုံးထိတော်လှန်ကြ" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း...

မန္တလေးတွင် စစ်တပ် ဖမ်းဆီးထားသော နန်းတွင်းစစ်ကြောရေးမှ လူငယ် ၄ ဦးကို သွေးသောက်အဖွဲ့က ခေါ်ဆောင်သတ်ဖြတ် အလောင်းစွန့်ပစ်၊ မုံရွာတွင် Mytel ရုံး ဗုံးကွဲပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်၍ အမျိုးသမီး ၁ ဦး ကျည်ထိသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂ မန္တလေးမြို့တွင် စစ်တပ်လက်အောက်ခံ သွေးသောက်အဖွဲ့က နန်းတွင်းစစ် ကြောရေးတွင် စစ်တပ်၏ ဖမ်းဆီးမှုခံထားရသော လူငယ် ၄ ဦးကို ခေါ်ဆောင် လည်ပင်းလှီးသတ်ဖြတ် အလောင်းစွန့်ပစ်ကာ သွေးသောက်တံဆိပ် လည်ဆွဲများ အလောင်းများတွင် ဆွဲထားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင်...

ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို ချင်း တော်လှန်ရေး အဖွဲ့များ လိုက်ပါ ဝန်းရံ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ဘစက်တင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ပြီး VAKOK-CNDF မှ ရဲဘော်များ၊ RKDF နှင့် ပကဖ မှ သပိတ် စစ်ကြောင်း လုံခြုံရေးအတွက် လိုက်ပါ...

ခင်ဦးတွင် NUG အစိုးရ တို့အစိုးရ ဟု ကြွေးကြော်ကာ စစ်အာဏာရှင် ချေမှုန်းရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကျေးရွာတစ်ရွာတွင် 'NUG အစိုးရ တို့အစိုးရ' ဟု ကြွေးကြော်ပြီး အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စက်တင်ဘာလ ၁၂ ရက် ယနေ့ ချီတက်ဆန္ဒပြကြသည်။ 'NUGအစိုးရ ဒို့အစိုးရ၊ ငါတို့သံအမတ် သည် ဦးကျော်မိုးထွန်း၊ ၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည်၊...

ကသာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်လက် ခန့်ထားရေး ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ကသာမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၆ နယ်မြေတွင် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံပွဲ ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၂ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေတွင် ပြည်သူများနှင့် ရဲဘော်များ စုပေါင်း၍ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲနှင့် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခြင်းကို ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့တွင် ပြုလုပ်ကြသည်။

Latest news

- Advertisement -spot_img