22 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

32196 POSTS
0 COMMENTS
00:09:46

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၅ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ယမန်နှစ် ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။...

အိန္ဒိယအစိုးရထံ ၀ဏ္ဏမောင်လွင် ဆက်သွယ်သည့် လျှို့ဝှက်စာ၊ မွေးမြူရေး ဒုဝန်ကြီး၏ နေပြည်တော်ခရီးစဉ် လျှို့ဝှက်စာနှင့် ဝမ်းတွင်းတွင် စစ်သားများ မိုင်းဆွဲခံရမှု ကြေးနန်းစာ ခေတ်သစ်က ဖော်ပြခဲ့မှု ဝန်ထမ်း ၁၀၀ နီးပါး ဖမ်းဆီးစစ်ဆေးခံနေရ

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်ခေတ်သစ်သတင်းဌာနက အိန္ဒိယအစိုးရထံ ၀ဏ္ဏမောင်လွင် ဆက်သွယ်သည့် လျှို့ဝှက်စာ၊ မွေးမြူရေး ဒုဝန်ကြီး၏ နေပြည်တော်ခရီးစဉ် လျှို့ဝှက်စာနှင့် ဝမ်းတွင်းတွင် စစ်သားများ မိုင်းဆွဲခံရမှု လျှို့ဝှက် ကြေးနန်းစာ ဖော်ပြခဲ့ရာ အဆိုပါ ဝန်ကြီးဌာန ကြေးနန်းစာများ ပေါက်ကြားမှုအတွက် ဝန်ထမ်း ၁၀၀ နီးပါး...

ယင်းမာပင်တွင် အောင်လံလွှင့်မည် ရွှေရေ ကြည်သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဖြုတ်ချ​ရေး ချီတက် သပိတ်​မှောက်

ရန်ကုန်၊ သြဂုတ် ၁၅ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်း ကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ယ​နေ့ နံနက်ပိုင်း စစ်အာဏာရှင် ဖြုတ်ချ​ရေး ချီတက် သပိတ်​မှောက်ကြပြီး မန္တလေးမြို့ သပိတ် တက် ကြွ လှုပ်ရှားသူ​ခေါင်း​ဆောင် တစ်ဦးက ပူးပေါင်းဝန်းရံကာ အာဏာရှင် ဆန့်ကျင်​ရေး သပိတ်တရားများ ဟောပြောသည်။

စစ်ဘေးသင့်ပြည်သူများနှင့် ပြည်သူ့တပ်ဖွဲ့များအတွက် ကျင်းပသည့် ဆောင်းဦးလှိုင်၏ တေးဂီတဖျော်ဖြေပွဲမှ ဒေါ်လာငါးသောင်းကျော် ရန်ပုံငွေရရှိ၊ အမေရိကန်တွင် ရန်ပုံငွေသီချင်းသီဆိုမှု ဆောင်းဦးလှိုင် ရပ်နားတော့မည်

ရန်ကုန်၊ ဩဂုတ် ၁၅ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ဩဂုတ်လ ၁၃ ရက်နေ့က ကျင်းပသည့် စစ်ဘေးသင့်ပြည်သူများနှင့် ပြည်သူ့တပ်ဖွဲ့များအတွက် ရန်ပုံငွေပွဲဖြစ်သော တေးသံရှင် ဆောင်းဦးလှိုင်၏ နောက်ဆုံးတေးဂီတဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာငါးသောင်းကျော် ရန်ပုံငွေ ရရှိခဲ့ကြောင်း ပွဲစီစဉ်ကျင်းပသူများထံမှ သိရသည်။ မေရီလန်းတွင် ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွက် ရန်ပုံငွေရရှိရန်အတွက်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံး

ရန်ကုန်၊ဩဂုတ် ၁၅ မြန်မာနိုင်ငံတစ်ဝန်း ဩဂုတ်လ ၁၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက်...

မတ္တရာတွင် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံး၊ ခင်ဦးမှ ရွှေဘိုသို့ လာသည့် စစ်ကား ၄ စီး ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ

ရန်ကုန်၊ သြဂုတ် ၁၄ မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ကန်ကျေးရွာနှင့် မြှောင်းဦးရွာချင်းတံတားအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ယနေ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကြောင်း နတ်ဆိုးတပ်ဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင်...

ဟိုပင်မှ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နှင့်ဖားကန့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၁၄ ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နှင့် ဖားကန့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်တွင် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်...

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၁၄ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပြီး ကျောင်းသားခေါင်းဆောင် ၄ ဦးကို ထောင်ဒဏ်များချမှတ်၊ နိုင်ငံရေးအကျဉ်း သား ကျောင်းသားများ ထောင်ပြောင်းရွှေ့ခံရ

ရန်ကုန်၊ ဩဂုတ် ၁၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နှစ် ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရသော စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။ ဩဂုတ်လ ၁၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ မုံရွာထောင်တွင်း တရားရုံးက ကိုဝေမိုးနိုင်ကို ထောင်ဒဏ် ၁၀...

မန္တလေး သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၁၄ မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် "နိုင်ငံဟာပျက်စီးနေပြီ ရပ်ကြည့်လို့ကောင်းတုန်းလား ရပ်ကြည့်နေကြရင် အမြတ်ကအငတ်ဘေးပဲ ရောက်လာလိမ့်မယ်" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img