26.6 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

38040 POSTS
0 COMMENTS

ပုသိမ်ကြီးနှင့် မတ္တရာ မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းမှ စတင်ပြီး လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ ဇူလိုင် ၂၅ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းမှ စတင်ပြီး လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း Voice Of Mandalay (Vomdy)နှင့် ဒေသတွင်း လေကြောင်း သတင်းစောင့်ကြည့်နေသူများက...

အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇ လုံး မီးလောင် ပြာကျပြီး ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးသွား

ရန်ကုန်၊ ဇူလိုင် ၂၅ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇ လုံး မီးလောင် ပြာကျပြီး ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင် ကြို့ကိုးပင်ရွာ၌...

ကော့ကရိတ် – ကျုံးဒိုး လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ ဇူလိုင် ၂၅ ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦး ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင် ၂၅ ရက်နေ့...

ရေတာရှည်မြို့မ ရဲစခန်းကို ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး ရဲစခန်းဘေးရှိ ကြံ့ဖွတ်ပါတီရုံးပါ ထိခိုက် ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၅ ပဲခူးတိုင်း၊ ရေတာရှည်မြို့မ ရဲစခန်းကို ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး ရဲစခန်းဘေးရှိ ကြံ့ဖွတ်ပါတီရုံးပါ ထိခိုက် ပျက်စီးခဲ့ကြောင်း Black leopard UG...

ထိုင်းနှင့်ကမ္ဘောဒီးယား စစ်ပွဲကြောင့် ထိုင်းမျိုးချစ်အဖွဲ့က ဘန်ကောက်မြို့တွင် ကမ္ဘောဒီးယားအလုပ် သမားများကို ရှာဖွေ တိုက်ခိုက်နေရာတွင် မြန်မာအလုပ်သမားတချို့ပါ စစ်ဆေး ထိုးကြိတ်ခံရ

ရန်ကုန်၊ ဇူလိုင် ၂၅ ထိုင်းနှင့်ကမ္ဘောဒီးယား စစ်ပွဲကြောင့် ထိုင်းမျိုးချစ်အဖွဲ့က ဘန်ကောက်မြို့တွင် ကမ္ဘောဒီးယားအလုပ် သမားများကို ရှာဖွေ တိုက်ခိုက်နေရာတွင် မြန်မာအလုပ်သမားတချို့ပါ စစ်ဆေး ထိုးကြိတ်ခံနေရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်း ဘန်ကောက်မြို့ ၊ စမွတ်ပရကန်ခရိုင်အတွင်းရှိ...

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်ကောင်စီကို တရုတ်အစိုးရက စစ်ဘက်ဆိုင်ရာ လွှဲပြောင်းပေးနေတာတွေ ရပ်ဆိုင်းဖို့နဲ့ တရုတ်ပိုင် NORINCO ကုမ္ပဏီကို နိုင်ငံ တကာက အရေးယူဖို့ Justice For Myanmar က တောင်းဆို လိုက်ပါတယ်။ အမေရိကန်က...

ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် နော်ခင်နန်းမွှေး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၅ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အလူးအရှေ့ရွာသို့ အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၁၅ နှစ်အရွယ် နော်ခင်နန်းမွှေး လက်နက်ကြီးထိမှန် သေဆုံး၍ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇူလိုင်လ ၂၃ ရက်နေ့...

အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံများက ၄ လတာအတွင်း စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှု ၃၇၀ ကျူးလွန်

ရန်ကုန်၊ ဇူလိုင် ၂၅ မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံများက ၄ လတာအတွင်း စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရာဇဝတ်မှု ၃၇၀ ခုကျူးလွန်ခဲ့ကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်း မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်ကော်စီနယ်မြေများတွင် လက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့ရာ ဖြစ်စဉ်ပေါင်း...

ချောင်းဦးမြို့ပေါ် ရပ်ကွက်များကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၉ ဦးကို သတ်ဖြတ်ကာ ပြည်သူရာချီကို ဖမ်းဆီးထား

ရန်ကုန်၊ ဇူလိုင် ၂၅ ချောင်းဦးမြို့ပေါ် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ရာနှင့်ချီသော ပြည်သူများကို ဆက်လက် ဖမ်းဆီး စစ်ဆေးနေပြီး မြို့ပေါ်နေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ရွှေကျင်တိုက်ပွဲတွင် သေဆုံးခဲ့သော ခမရ ၅၉၈ မှ ဗိုလ်ကြီး ရှိုင်းပြည့်အောင်အတွက် အသက်အာမခံ၊ အသုဘစရိတ်၊ အကျိုးခံစားခွင့်များနှင့် ပင်စင်လစာ မိခင်ဖြစ်သူကို စစ်တပ်က မပေး

ရန်ကုန်၊ ဇူလိုင် ၂၅ ပဲခူးတိုင်း၊ ရွှေကျင်တိုက်ပွဲတွင် သေဆုံးခဲ့သော ခမရ ၅၉၈ မှ ဗိုလ်ကြီး ရှိုင်းပြည့်အောင်နှင့်ပတ်သက် ဆက်စပ်သော အသက် အာမခံ၊ အကျိုးခံစားခွင့်နှင့် ပင်စင်လစာ အားလုံး မိခင်ဖြစ်သူက လုံး၀ မရရှိကြောင်း မိခင်ဖြစ်သူ ဒေါ်ဝင်းသီတာစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခု ၂၀၂၅...

Latest news

- Advertisement -spot_img