26.8 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

39223 POSTS
0 COMMENTS

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၈ရက်နေ့က တစ်ရက်တည်း ၅နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး...

စစ်တပ်၏ မီးရှို့မှုများကြောင့် မြင်းခြံ၊ ပျားကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ပြာကျ၊ မတ္တရာနှင့်မြောင်တို့တွင်လည်း စစ်တပ်က နေအိမ်များ မီးရှို့ပြီး ပစ္စည်းများကို လုယက်

ရန်ကုန်၊ နိုဝင်ဘာ ၁၀ စစ်တပ်၏ မီးရှို့မှုများကြောင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ နိုဝင်ဘာလ ၈ ရက်နေ့ ညပိုင်းတွင် စစ်တပ်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ ပျားကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း၊ ယင်းနောက် အိမ်ခြေ...

ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွာသာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းစိုးနှင့်အဖွဲ့က ပြည်သူ ကိုဌေးလှိုင်ကို ဦးခေါင်းခွံပုတ်သည် အထိ ရိုက်နှက်မှု ရဲက အရေးမယူ၊ အုပ်ကြီး ဝင်းစိုးက ကိုဌေးလှိုင်မိသားစုဝင်များကို သေနတ်ပြ ထပ်မံခြိမ်းခြောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရန်ကုန်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီး ရပ်ကွက်တွင်ပြည်သူတစ်ဦးဖြစ်သူ ကိုဌေးလှိုင်ကို အုပ်ချုပ်ရေးမှူး ဝင်စိုးနှင့် အပေါင်းအပါဝင်များက ဦးခေါင်းခွံပုတ်သည်အထိ ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြပြီး မိသားစုဝင်များကိုလည်း သေနတ်ပြ ခြိမ်းခြောက်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရွာသာကြီး ရပ်ကွက်...

လူထု ထောက်ခံမှု မြင့်မားလာမှုနှင့်အတူ အင်အားသိန်းချီရှိလာသော PDF၊ LDF ၊ PDT တပ်များက စစ်ကောင်စီ ထိန်းချုပ်ခဲ့သော နယ်မြေများကို တဖြည်းဖြည်း စိုးမိုးသိမ်းယူလာပြီ

By YMH မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PD)တွေကို စတင်ဖွဲ့စည်းခဲ့ချိန်မှာ PDF တွေကို စစ်ကောင် စီတပ်တွေက အချိန်တိုလေးအတွင်းမှာ နှိမ်နင်းပစ်လိမ့်မယ်လို့ လူတော်တော်များများက ထင်ခဲ့ကြပါတယ်။ လူငယ်လက်နက်ကိုင်တွေရဲ့ အလျှင်စလို စုဖွဲ့မှုမျိုးပဲလို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အားလုံးရဲ့ ထင်ကြေးတွေက လွဲမှားခဲ့ပါတယ်။ လူအများထင်သလို စစ်ကောင်စီက PDF...

စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ်ဦးစီးချုပ် အပါအဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို EU က စီးပွား ရေးပိတ်ဆို့

ရန်ကုန်၊ နိုဝင်ဘာ ၉ မြန်မာအကြမ်းဖက် စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ်ဦးစီးချုပ် အပါ အဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉ မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာ ၉ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့်...

တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့် PDF များတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တန့်ဆည်PDFတို့ နိုဝင်ဘာလ၉ရက် နံနက်၈နာရီခွဲအချိန်တွင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည်PDFထံမှ သိရသည်။ တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးရွာမှ တောင်ပို့ရင်းတံတားအထိ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် လမ်းတ လျှောက် တန့်ဆည်PDF၊ ရွှေဘိုခရိုင်...

နမ့်ခမ်း၊ မင်းကင်း၊ သံတောင်ကြီး၊ မြဝတီ၊ ခင်ဦးနှင့် ပေါက် တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ စစ်သား ၁ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၉ ရှမ်းပြည်နယ် နမ့်ခင်းမြို့နယ်၊ စစ်ကိုင်းတိုင်း မင်းကင်းနှင့် ခင်ဦးမြို့နယ်၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ မြဝတီမြို့နယ်နှင့် မကွေးတိုင်း ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၁၂ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ နမ့်ခမ်းတွင် စစ်တပ်...

နာမည်ကျော် ဟာသ၀တ္တုစာရေးဆရာ အကြည်တော် ပင်လုံဆေးရုံတွင် ကွယ်လွန်

ရန်ကုန်၊ နိုဝင်ဘာ ၉ နာမည်ကျော်ဟာသ၀တ္တုစာရေးဆရာ အကြည်တော်သည် ရန်ကုန်မြို့၊ ပင်လုံ ပုဂ္ဂလိကဆေးရုံတွင် ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိရသည်။ စာရေးဆရာအကြည်တော်၏ မိသားစုများက လူမှုကွန်ရက်တွင် စာရေးဆရာ အကြည်တော်ကွယ်လွန်ကြောင်းသတင်းကို အသိပေးထုတ်ပြန်ထားပြီး ယနေ့ ည ၈ နာရီ ၃၀...

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img