24.7 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

39223 POSTS
0 COMMENTS

သရက်ချောင်းတွင် ပျူစောထီး အဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ၁ စီး မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ၁ စီး မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် KTV မှ ပြန်လာသည့် ပျူစောထီးများ လိုက်ပါလာသော ကား...

မင်းအောင်လှိုင်လိုက်ပါသောကားကို ဝင်တိုက်လုနီးပါး ဖြစ်ခဲ့တဲ့ ရထားမောင်း ဖိုးလပြည့် ရာထူး လျှော့ ၊ လစာ ၆ လလျှော့ ပြစ်ဒဏ်ဖြင့် ရထားစက်ခေါင်းမောင်း သင်တန်း ပြန်တက်ခိုင်း၊ ရထားမန်နေဂျာအာမခံ၍ အမှုမှ လွတ်မြောက်

ရန်ကုန်၊ နိုဝင်ဘာ ၉ အကြမ်းဖက် မင်းအောင်လှိုင်ယာဉ်တန်းကို ရထားဖြင့် ဝင်တိုက်လုနီးပါးဖြစ်ခဲ့ရသည့် ရထားမောင်းဖိုးလပြည့်ကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် လစာ ၆ လျှော့ ၊ ရာထူးလျှော့ချမှုပြစ်ဒဏ်ဖြင့် ရထား စက်ခေါင်းမောင်း သင် တန်းပြန်တက်ခိုင်းကာ အရေးယူခံထားရကြောင်း မီးရထားသတင်းရပ်ကွက်ထံမှ သိရှိရသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေ ၆...

ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ရက် ၅၀၀ ခရီးမှသည် အနာဂတ်ဖက်ဒရယ်ဆီသို့ ချီတက်မည်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ သပိတ် ချီတက် ဆန္ဒပြသည့် ရက်ပေါင်း ၅၀၀ ပြည့်နေ့ အဖြစ် "ရက် ၅၀၀ ခရီးမှသည် အနာဂတ်ဖက်ဒရယ်ဆီသို့ ချီတက်မည်" စာတန်း...

ပြည်ကြီးတံခွန် သပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၉ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံဃသမဂ္ဂ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၉ သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက "ဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်ကိုမှ အားကိုးနေလို့မရပါဘူး ကိုယ့်နိုင်ငံရဲ့အရေးကို ကိုယ့်ပြည်သူတွေကပဲလုပ်ကြရမှာပါ" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း...

ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မန္တလေး ရထားလမ်းဘေးအနီးရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ချက်ချင်းဖျက်ခိုင်း၊ လူဦးရေ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ရန်ကုန်၊နိုဝင်ဘာ ၉ မန္တလေးမြို့၊ အိုးဘိုနှင့် သူရဲစျေး ဘူတာကြားရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ယနေ့ ချက်ချင်းဖျက်ခိုင်းပြီး လူဦးရေ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း‌ ဒေသခံများက ပြောသည်။ မန္တလေးမြို့ အောင်မြေသာစံခရိုင်အတွင်း မြန်မာ့မီးရထား ပိုင်မြေအတွင်းရှိသည်ဟုဆိုသည့် မီးရထားလမ်းဘေး ဝဲ/ယာ အိုးဘို၊ သူရဲဈေး၊ ဘူတာအကြားရှိ...

ယင်းမာပင် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ ယင်းမာပင်မြို့နယ် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၉ ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img