32.4 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

37926 POSTS
0 COMMENTS

ဖားကန့်တွင် တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗလခကျေး ရွာသို့ မီးလောင် ဗုံး ၂ လုံးကျဲချ၍ ပြည်သူ့နေအိမ်များ မီးလောင်

ရန်ကုန်၊ ဇူလိုင် ၁၉ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗလခကျေးရွာသို့ မီးလောင် ဗုံး ၂ လုံးကျဲချ၍ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၅...

ရွှေဘိုမြို့နယ်အတွင်းရှိ တိုက်နယ်/ ရပ်ကျေးပကဖများအသီးသီးက ၇၈နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၉ ရွှေဘိုမြို့နယ်အတွင်းရှိ တိုက်နယ်/ ရပ်ကျေးပကဖများအသီးသီးက ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် (၇၈)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ကျင်းပခဲ့ကြပြီး အာဇာနည် ၉ ဦးနှင့် နွေဦးတော်လှန်ရေးအတွင်းကျဆုံးသွားခဲ့သော အာဇာနည်များအား လွမ်းဆွတ်တရားနာခြင်းနှင့်သေနတ်ပစ်‌ဖောက် ဦးညွတ်ဂုဏ်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ရှေ့တမ်းစခန်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၉၇၀၃ တပ်ရင်းမှ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ရှေ့တမ်းစခန်းတစ်နေရာတွင် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ၉၇၀၃ တပ်ရင်းမှ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးခဲ့ကြသော အာဇာနည်သူရဲကောင်းများအားဦးညွှတ်အလေးပြုခြင်း အခမ်းအနားကို တပ်ရင်းမှူး ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း သိရှိရသည်။

တန့်ဆည်မြို့နယ် ပြည်သူ့အ‌‌ခြေပြု ကျောင်းတစ်ကျောင်းတွင် အာဇာနည်နေ့အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၉ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပြည်သူ့အ‌‌ခြေပြု ကျောင်းတစ်ကျောင်းတွင် အာဇာနည်နေ့အခမ်းအနားကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ၉ ဦးအား ၁၀ နာရီ ၃၇ မိနစ်တိတိတွင် ဥဩဆွဲကာ ဦးညွှတ်အလေးပြုကြကြောင်း သိရှိရသည်။

ကျောက်ကြီးတွင် စစ်မှုထမ်း တပ်သား ၄ ဦး လက်နက်ခဲယမ်းများ ယူဆောင်အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၁၉ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်မှုထမ်း တပ်သား ၄ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး KNLA တပ်ရင်း ၉ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း KNU ခလယ်လွီထူခရိုင်က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၈ ရက်နေ့တွင် ခမရ−၂၀ (ညောင်လေးပင်)...

ငဖဲမြို့နယ်၊ နောင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အဘွားအို ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ ဇူလိုင် ၁၉ မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ နောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အသက် ၈၈ နှစ်အရွယ် အဘွားအို ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ချင်း ကာကွယ်ရေးတပ် - အရှို မှ...

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း အာဇာနည်နေ့အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၉ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ကာ ယနေ့ ဇူလိုင် ၁၉ ရက်၊ နံနက်ပိုင်းက အာဇာနည်နေ့အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ "အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက်" ခေါင်းစဥ်နှင့် အခမ်းအနားပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သမဂ္ဂခွပ်ဒေါင်းအလံတော်ကို အလေးပြုခြင်း၊...

နတ်မောက်မြို့နယ်၊ ကံသာရွာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုရားစေတီနှင့်စာသင်ကျောင်းဆောင် ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၉ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကံသာရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဘုရားစေတီနှင့်စာသင်ကျောင်းဆောင် ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ နံနက် ၁၀ နာရီ...

ပခုက္ကူလူထုတိုက်ပွဲကော်မတီနှင့် ပြည်သူများပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ်ပြုလုပ်

ရန်ကာန်၊ ဇူလိုင် ၁၉ ပခုက္ကူလူထုတိုက်ပွဲကော်မတီနှင့် ပြည်သူများပူးပေါင်း၍ “အာဇာနည်တို့မျှော်ရည်ချက် လူထုအားနဲ့ဆက်ချီတက်” ဆိုင်းဘုတ်များကိုင်‌ဆောင်ကာ အာဇာနည် ၉ ဦးနှင့်တကွ ဒီမိုကရေစီတိုက်ပွဲ၊နွေဦးတော်လှန်ရေးတိုက်ပွဲအဆက်ဆက်တို့ အသက်ပေးလှူခဲ့ရသောအာဇာနည်အပေါင်းအား အောက်မေ့ဂုဏ်ပြုပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ပုလောမြို့နယ်၊ မိမ္မမြို့ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

ရန်ကုန်၊ ဇူလိုင် ၁၉ တနင်္ဿာရီတိုင်း၊ ပုလောမြို့နယ်၊ မိမ္မမြို့ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များ ပြားကာ သေဆုံးသူများ ထပ်တိုးနိုင်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ...

Latest news

- Advertisement -spot_img